Unicode
အခုတလော အိမ်ရှေ့စံကိုကြည့်ရတာ အတော့်ကိုအလုပ်ရှုပ်နေတဲ့ပုံ။
အလုပ်ကတော့ အမြဲတမ်းရှုပ်နေတတ်တာပဲဆိုပေမဲ့ အခုကတော့ ဆောနူရဲ့အမြင်မှာ သာမန်ထက်ကိုပိုပြီးရှုပ်နေသလိုမျိုး။
မဟုတ်သေးဘူး အလုပ်ရှုပ်တယ်ထက်စာရင် စိတ်ရှုပ်စရာတွေများနေတဲ့ပုံစံမျိုးလား။
ဘာရယ်လို့တော့ ဆောနူအတိအကျမပြောတတ်ပေမဲ့ အိမ်ရှေ့စံရဲ့ပုံစံက အရင်ကလိုမဟုတ်တော့တာတော့သေချာသည်။
မျက်နှာမြင်ရဖို့ခက်ခဲတဲ့ ကောင်လေးကို ဆောနူတစ်ယောက် ခက်ခက်ခဲခဲနဲ့ မျက်နှာချင်းဆိုင်ခွင့်ရတဲ့အခါမျိုးတွေမှာ အိပ်ရေးပျက်ပြီးပင်ပန်းနေမှန်းသိသာလွန်းတဲ့မျက်ဝန်းတွေ။
ဆောနူကိုမြင်လိုက်ရတဲ့အခါမှာတော့ တလက်လက်နဲ့ပြန်ပြီးတောက်ပလာတတ်တာလေးကတော့ မပြောင်းလဲသေး။ဘယ်လိုပဲဆိုဆို အိမ်ရှေ့စံတစ်ယောက် အခုတလော ခက်ခဲတဲ့အချိန်တွေကို ရင်ဆိုင်နေရတယ်ဆို ခန့်မှန်းမိပေမဲ့ အသေးစိတ်ကို ဆောနူ ရေရေရာရာမသိ။
နန်းတွင်းရေးတွေ နိုင်ငံရေးတွေက ရှုပ်ထွေးလွန်းလို့ အရင်တည်းက စိတ်လည်းမဝင်စားမိခဲ့သလို
အခုတခါတရံ စိတ်လိုလက်ရရှိလို့ မေးမိတဲ့အခါမှာလည်း "ဆောနူဂွန်းက နေကောင်းအောင်ပဲနေရမယ် ကျန်တာတွေဘာမှမသိချင်ပါနဲ့ ကိုယ့်ကိုပဲယုံကြည်ထားပေး"ဆိုတဲ့ ထပ်တူညီသောစကားကိုသာ အခါခါဖြေတတ်တဲ့သူ။ဆောနူကပဲ တုံးအ,လွန်းတာလား၊ အိမ်ရှေ့စံကပဲတော်လွန်းတာလား၊ ကျန်တဲ့လူတွေကပဲ အိမ်ရှေ့စံစကားကိုနားထောင်လွန်းတာလား...
ဒါတွေ အားလုံးပေါင်းပြီးတော့ပဲလား။ဆောနူဟာ တကယ်ပဲ အိမ်ရှေ့စံဖြစ်စေချင်သလိုမျိုး ဘာဆိုဘာကိုမှ မသိပဲ၊ သိအောင်လည်းမကြိုးစားနိုင်ပဲ ကိုယ့်ကိုယ်ကိုယ်သာဂရုစိုက်ရင်း ကလေးတစ်ယောက်လိုမျိုး အဆောင်ထဲမှာအပူပင်ကင်းစွာဖြတ်သန်းနေခဲ့ရသည်။
ဘယ်လောက်ထိမသိသလဲဆို အိမ်ရှေ့စံရဲ့တစ်ဦးတည်းသော အကိုတော်လက်ထပ်တာကိုတောင် အားလုံးသိပြီးမှ ဆောနူကသိရတဲ့အဖြစ်မျိုးဆိုတာ။
ВЫ ЧИТАЕТЕ
His Majesty's Blond|SUNKI
ФанфикThe crown-prince married a blondie -A SUNKI story Romance X Royal start : May 22nd 2021 end : August 8th 2023