အချပ်ပို

236 43 1
                                    

" ထွက်ကြိုနေပေးပါလား "

ဖုန်းထဲမှကြားခဲ့ရသော လေသံတိုးသဲ့သဲ့ကြောင့် ချို တစ်ယောက် ခြေတစ်လှမ်းကြွမိ၏။ အိမ်မကြီးနှင့်ဆိုင်ကိုတက်ထားသော တံခါးပေါက်ကိုဖွင့်ရင်း ​နောက်ထပ်ခြေတစ်လှမ်း။ ထို့နောက် ကောင်တာကိုကျော်ကာ လူသွားလမ်းလေးပေါ်ခြေချတော့ တဖျပ်ဖျပ် ကြားလာရသော လေတိုးသံများ။

" ခဏလေးပါပဲ ... ခဏလေးနော် "

သုတ်ခနဲပြေးထွက်ရင်း ဆိုင်အပြင်ရောက်သည်နှင့် တဘုတ်ဘုတ်အသံများကြောင့် ချိုခေါင်းကလေးငုံ့ရင်း အံကိုကြိတ်လိုက်ရ၏။ မရပ်မနားကျဆင်းနေဆဲအသံများကြောင့် ...

" တောင်းပန်ပါတယ် ... တကယ်တောင်းပန်ပါတယ် "

ဘယ်သူမှမကြားနိုင်သော်ငြား ချို တီးတိုးတောင်းပန်နေမိ၏။ ထိုအခိုက် ဆိုင်ရှေ့ရပ်လာသော ကားတစ်စီးနှင့် ကားပေါ်ဆင်းလာပါသော ချို့ အကြင်နာပိုင်ရှင်။

" ဟယ်လို ချို ... ကြိုဆိုပေးပါဦး "

ချို တစ်ချက်ပြုံးလိုက်၏။ လက်နှစ်ဖက်ကို ဆန့်တန်းပြတော့ ချို့ရင်ခွင်ထဲပြေးဝင်လာသူ..

" အေးတာကို ဘာလို့ တိုတိုလေးဝတ်ထာတာလဲ ... ကြည့်စမ်း ဖိနပ်လည်းမပါဘူး "

" ချို့မှာ ဖိနပ်မရှိဘူး "

" ဘာသံတွေလဲ "

" အဲ့ဒါကလေ ... "

ခရစ်စ်၏နား ကပ်ကာ တိုးတိုးဖွဖွပြောတော့ ..

" တကယ်ကြီးလား ... "

" အင်း သူတို့ သဝန်တိုနေကြတာ "

" ဒါဆို မြန်မြန် ဝင်ကြရအောင် ... ချို့ပိုင်ရာဆိုင်ရာလေးတွေက ချို့ကို အပြင်မှာထားထားလို့ဆိုပြီး ကိုယ့်ကိုအပြစ်ပေးနေမှဖြင့် ... "

ပြောရင်းဆိုရင်း ချို့အား စွေ့ခနဲပွေ့ချီပစ်ကာ ဆိုင်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့်။ ကားတံခါးအနား ရပ်ကြည့်နေသော ဦးခန့်ကို ရှက်ရွံ့စွာဖြင့် ချိုကသာ ပြုံးပြနှုတ်ဆက်လိုက်ရတော့၏။

........................

" အာ လာ လာ "

" ညောင်းသွားပြီမလား "

သူ့အကြင်နာ မိုးတွေစွေရွာပါလို့ ကိုယ့်ရင်မှာချို(one shot)Where stories live. Discover now