" ထွက်ကြိုနေပေးပါလား "
ဖုန်းထဲမှကြားခဲ့ရသော လေသံတိုးသဲ့သဲ့ကြောင့် ချို တစ်ယောက် ခြေတစ်လှမ်းကြွမိ၏။ အိမ်မကြီးနှင့်ဆိုင်ကိုတက်ထားသော တံခါးပေါက်ကိုဖွင့်ရင်း နောက်ထပ်ခြေတစ်လှမ်း။ ထို့နောက် ကောင်တာကိုကျော်ကာ လူသွားလမ်းလေးပေါ်ခြေချတော့ တဖျပ်ဖျပ် ကြားလာရသော လေတိုးသံများ။
" ခဏလေးပါပဲ ... ခဏလေးနော် "
သုတ်ခနဲပြေးထွက်ရင်း ဆိုင်အပြင်ရောက်သည်နှင့် တဘုတ်ဘုတ်အသံများကြောင့် ချိုခေါင်းကလေးငုံ့ရင်း အံကိုကြိတ်လိုက်ရ၏။ မရပ်မနားကျဆင်းနေဆဲအသံများကြောင့် ...
" တောင်းပန်ပါတယ် ... တကယ်တောင်းပန်ပါတယ် "
ဘယ်သူမှမကြားနိုင်သော်ငြား ချို တီးတိုးတောင်းပန်နေမိ၏။ ထိုအခိုက် ဆိုင်ရှေ့ရပ်လာသော ကားတစ်စီးနှင့် ကားပေါ်ဆင်းလာပါသော ချို့ အကြင်နာပိုင်ရှင်။
" ဟယ်လို ချို ... ကြိုဆိုပေးပါဦး "
ချို တစ်ချက်ပြုံးလိုက်၏။ လက်နှစ်ဖက်ကို ဆန့်တန်းပြတော့ ချို့ရင်ခွင်ထဲပြေးဝင်လာသူ..
" အေးတာကို ဘာလို့ တိုတိုလေးဝတ်ထာတာလဲ ... ကြည့်စမ်း ဖိနပ်လည်းမပါဘူး "
" ချို့မှာ ဖိနပ်မရှိဘူး "
" ဘာသံတွေလဲ "
" အဲ့ဒါကလေ ... "
ခရစ်စ်၏နား ကပ်ကာ တိုးတိုးဖွဖွပြောတော့ ..
" တကယ်ကြီးလား ... "
" အင်း သူတို့ သဝန်တိုနေကြတာ "
" ဒါဆို မြန်မြန် ဝင်ကြရအောင် ... ချို့ပိုင်ရာဆိုင်ရာလေးတွေက ချို့ကို အပြင်မှာထားထားလို့ဆိုပြီး ကိုယ့်ကိုအပြစ်ပေးနေမြှဖင့် ... "
ပြောရင်းဆိုရင်း ချို့အား စွေ့ခနဲပွေ့ချီပစ်ကာ ဆိုင်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့်။ ကားတံခါးအနား ရပ်ကြည့်နေသော ဦးခန့်ကို ရှက်ရွံ့စွာဖြင့် ချိုကသာ ပြုံးပြနှုတ်ဆက်လိုက်ရတော့၏။
........................
" အာ လာ လာ "
" ညောင်းသွားပြီမလား "
DU LIEST GERADE
သူ့အကြင်နာ မိုးတွေစွေရွာပါလို့ ကိုယ့်ရင်မှာချို(one shot)
RomantikBirthday Present For My Lovely Sister