ဒီFicလေးက အဓိကပြောပြချင်တာက သားဖ၃ယောက်ရဲ့မေတ္တာတရားအကြောင်းပါ။ဖတ်ပြီးရင်ထဲတစ်ခုခုကျန်ခဲ့ရင်ကိုကျေးဇူးတင်ပါတယ်။
«»«»«»«»«»«»«»«»«»«»«»«»«»«»«»«»
"ငါဆက်ပြီးသည်းမခံနိုင်တော့ဘူး""ဘာဖြစ်ပြန်ပြီလဲ hyungရယ်"
"ဒီမှာ ဂျွန်ဂျောင်ကု ငါဒီလိုအခြေနေမျိုးနဲ့ ဘယ်ချိန်ထိနေနေရမှာလဲဟမ်!! နေရတာလဲစုတ်ပြတ်သတ် စားရတာလဲ မသေရုံတမယ်ပဲ"
"မောင်လဲရှာပေးနေတာပဲလေကွာ"
"ဘာရှာပေးနေတာလဲ!!မင်းရဲ့ အရည်မရအဖတ်မရ စာရေးဆရာအလုပ်က ဘယ်တော့များကြီးပွားလာမှာမို့လို့လဲ။မဖြစ်စလောက်စာမူခလေးနဲ့မသေထမင်းမသေဟင်းစားနေရသလိုပဲ။အချစ်ကိုရွေးမိတဲ့ငါ့အမှားပဲ"
"Hyung!!!!!!!!!!!"
"ငါမနေနိုင်တော့ဘူး။ကွာမယ်။ကွာရှင်းပေး။ငါ့မိဘအိမ်ငါပြန်မယ် မင်းနဲ့ဒီလိုနေရာမျိုးမှာ တစ်စက္ကန့်တောင်မနေနိုင်ဘူး"
"မသွားပါနဲ့ Hyungရယ်...Hyungသွားရင် မောင်နဲ့hyungနဲ့တစ်သက်လုံးပြန်တွေ့ရမှာမဟုတော့ဘူး။မောင်တောင်းပန်ပါတယ်။မောင် hyungကိုမခွဲနိုင်လို့ပါတောင်းပန်ပါတယ်..မလုပ်ပါနဲ့"
"မရဘူး ဂျောင်ကု..ငါပင်ပန်းတယ်။ချမ်းနေရင် ခြုံစရာစောင်ပါးတစ်ထည်ပဲရှိတယ်။ပူနေရင် လေလာတစ်ချက် မလာတစ်ချက်နဲ့ ပန်ကာပဲရှိတယ်။အချစ်ရှိရင် ထမင်းရည်လဲတူတူသောက်နိုင်တယ်ဆိုတာ အဲ့တာအပိုစာသား"
"Hyung...မောင့်ကိုချစ်တယ်ဆို..မောင်ကြိုးစားနေပါတယ်။ဒီတစ်ခေါက် စာမူခကလေ.."
"မင်းတစ်လစာရတဲ့ စာမူခကငါလူပျိုဘဝတုံးက ငါ့ဖိနပ်တစ်ရံစာတောင် မရှိဘူးဆိုတာမင်းသိမှာပါဂျောင်ကု"
"Hyung!!...တောက်ခ်!!!တော်..တော်လိုက်တော့..အခုဘာဖြစ်ချင်တာလဲသာပြော hyungအခုလိုပြောတာတွေက မောင့်မာနကိုစော်ကားနေပြီနော်"
"စော်ကားတယ်ထင်ရင် လဲသေလိုက်!!မပေါင်းနိုင်တော့ဘူး။ကွာမယ်။ငါစာချုပ်မှာလက်မှတ်ထိုးပြီးပြီ။မင်းထိုးပြီးရင် ရုံးမှာသွားလျှောက်လိုက်။ရုံးချိန်းရက်ကျမှတွေ့ကြတာပေါ့ ဂျွန်ဂျောင်ကုရှီ"
YOU ARE READING
မဆုံနိုင်သောမျဥ်းပြိုင်နှစ်ကြောင်းကမေတ္တာတရား(One Short)
Fanfictionဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ လူဆိုးဖြစ်စေ လူကောင်းဖြစ်စေ အတ္တပြိုင်ထားလဲ ချစ်မိရင်မေတ္တာတရားလဲ နွေးထွေးတာပဲနော်