Chapter 1 : Eyes Opened

328 35 1
                                    


ဒီနေ့ရဲ့ ရာသီဉတုကတော နွေရာသီကိုနူတ်ဆက်
ပြီး ဂျွန်လရဲ့မိုးရေစက်လေးတွေက ကျွန်မတို့ကို
အေးမြနေစေပါတယ်...

တကယ်လည်းအပြင်မှာမိုးတွေက ခပ်သည်းသည်းကိုရွာနေခဲ့သည်။ဘတ်စ်ကားပေါ်က တီဗီရဲ့အသံဟာ ဖြည်းဖြည်းချင်း  မိုးအသံတွေရဲ့အောက်မှာဖုံးသွား
သည်အထိ။ ခရီးသည်တွေအကုန်လုံးကလည်း
အိပ်နေတော့ ပြန်ပြီးအသံချဲ့ပေးဖို့ မပြောကြဖူး။

ဖန်သားပြင်ကိုလည်း မကြည်ချင် အသံလည်း
မကြားရနဲ့။ ကျန်ခရီးသည်တွေလိုအိပ်မောကျနေရင်ကောင်းသား။ အခုတောတကယ်ကို ပျင်းဖို့
ကောင်းပြီ။

Key pad ကို ကြည်လိုက်တော့

missed call 9ခု။

လူတိုင်းကသေစေချင်နေကြသလိုပဲ။
ကျွန်မရဲ့ သူငယ်ချင်း ရည်းစား မိသားစုအကုန်လုံး
ကျွန်မကို တကယ်ချစ်တယ်လူမရှိကြပါလား။

ကျွန်မနာမည်က seulgi။ မကြာသောအချိန်မှာ
အမြင်အာရုံကိုဆုံးရူံးတောမယ် မိန်းက​လေး 
တစ်ယောက်။မိသားစုရဲ့ မိန်းကလေးတွေမှာသာဖြစ်တတ်တဲ့ မျိုးရိုးဗီဇအရဆင်းသက်လာတယ်ရောဂါက အဘွားကနေ ကျွန်မဆ​ီကို လက်ဆင့်ကမ်းခဲ့ပြီ။

အဖေက ကျွန်မမွေးတုံးကအရမ်းကိုတုန်လူပ်နေခဲ့တာတဲ့။ ဘယ်လောက်ထိဆိုးလဲဆို  သုံးနှစ်လောက်ကျွန်မမျက်နှာကိုလာမကြည်ခဲဖူး။ သားသမီး
ကိုအားနာစိတ်​ကြောင့်ပဲလား သို့မဟုတ် အိမ်ထဲကို
ဝန်ထုပ်ဝန်ပိုးကြီးရောက်လာလို ရှက်လိုပဲလား။

ဒီရောဂါဟာ ကျွန်မအသက်ဆယ်ရှစ်နှစ်မှာ စသိသာလာတယ်။ ကျောင်းမှာပန်းချီဆွဲရင်း မြင်ကွင်းတခုလုံး မှောင်မည်းပြီးဘာမှမမြင်ရတောလို ကြောက်
လန့်ပြီး ဆီဆေးတွေဝင်တိုက်မိနဲ့။ ကျောင်းဝန်း
တဝန်းလုံး အလှောင်ခံရတယ်ပေါ့။

ထိုအချိန်ကို အကြောက်ဆုံးပဲ။
ကျွန်မရဲ့ ကမ္ဘာတစ်ခုလုံးကမှောင်မိုက်သွားပြီး
ဆေးအနံ လူငွေအနံ ပစ္စည်းတွေဝင်တိုက်မိလို
ထွက်လာတဲ့အသံတွေရယ် ဘေးဘီကလှောင်ရီသံတွေအကုန်လုံးဟာ နားထဲမှာပဲတင်ထပ်ပြီး အသက်ရှင်လျက်ငရဲကျသွားသလိုပဲ။

Blinded TouchWhere stories live. Discover now