အပိုင်း(၁၀)

212 19 0
                                    

ကျွန်တော်တို့နှစ်ယောက်ရဲ့ ပထမဆုံးDate။

နွေဦးမို့ လတ်ဆတ်တဲ့လေအေးလေးတွေ နေရာအနှံ့ ဝေ့ဝဲကာ တိုက်ခတ်နေသည်။

မပူလွန်း မအေးလွန်းသည့်ရာသီက ဖက်ရှင်ကျကျ ဝတ်ရန် အသင့်တော်ဆုံး အချိန်ဖြစ်သည်။

ပထမဆုံး Lin Geနဲ့အပြင်သွားရမည်မို့ မိမိကိုယ်ကို သင့်တော်သည့်ပုံရိပ်ပေါ်ပေါက်ရန် ဝတ်ဆင်ထားလိုက်၏။

အတွင်းဝတ်ရှပ်အဖြူကို စတိုင်ပန်အဖြူရောင်ပွပွနှင့်တွဲဝတ်ပြီး အပေါ်ကို ဂျက်ကက်အဖြူရောင် ထပ်ဝတ်လိုက်သည်။

ကိုယ်လုံးပေါ်မှန်ထဲရှိ Dai Kunပုံက စစ်မှန်တဲ့ငယ်ရွယ်နုပျိုခြင်းကို ပြသနေသည်။

ကြည်တောက်တောက်အပြုံးလေးကို ထပ်ဆင့်လိုက်တော့ မှန်ထဲကလူရွယ်လေး၏ ချောမောမှုကြောင့် Dai Kun မေ့လဲမတတ်ပင်။

**အဟမ်း၊ ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်တာလည်းတင်ပေါ့၊ ဒီလောက်ဆိုရပြီထင်တယ် **

ကိုယ်ကိုတစ်ပတ်လည်လိုက်ပြီးနောက် နံရံကပ်ဗီဒို၏ အပေါ်ကန့်ထဲက ဦးထုပ်ဖြူလေးတစ်လုံးကို ကောက်ဆောင်းလိုက်သည်။

"ပြီးပြည့်စုံတယ်"

ထို့နောက် အခန်းပြင်ကို ထွက်သွားလိုက်တယ်။ ဧည့်ခန်းထဲရောက်တော့ တစ်ကိုယ်လုံးနက်စွေးကာ အသားရောင်ကုတ်အရှည်ကို ဝတ်ဆင်ထားပြီး ဆိုဖာတွင် ခြေချိတ်ထိုင်နေသူကြောင့် ခြေလှမ်းတို့ ရပ်တန့်သွားသည်။

ပြီးနောက် Wang Huo Linကို တစ်လှည့် မိမိကိုယ်ကို တစ်လှည့် ကြည့်နေသည့် Li Dai Kun။

**သြော် ငါလေးဘယ်လောက် ချောချော Lin Geရဲ့ ကိုယ်ရောင်ကိုယ်ဝါက ပိုပြီးခန့်ငြားနေတယ်**

စိတ်ဓါတ်ကျသွားသလိုလေးဖြစ်ကာ Dai Kunမှာ မပျော်မရွှင် ဖြစ်သွားရသည်။

တစ်လမ်းလုံး တိတ်ဆိတ်လာသည့် Kun Erကြောင့် ကားမောင်းရင်း ဘေးခုံကို ခဏခဏ စောင်းငဲ့ကြည့်မိသည်။

အခန်းထဲက ထွက်လာတုန်းက ပြုံးရွှင်နေတာကို သူ့ကိုမြင်မှ ချက်ချင်းကို မပျော်ရွှင်သွားတာ ဘာကြောင့်လဲ။

ရည်ရွယ်၍.........! (ရည်ရွယ်၍ .........!) (Completed)Where stories live. Discover now