Jung kook လည်းသူ့ခုံတန်းလေးမှာ ထိုင်နေတဲ့ jiminနားသွားကာ
"တစိတ်လောက်ဒီနေရာက နေဖယ်ပေးလို့ရမလား ဒါကျွန်တော်ခုံမို့လို့ပါ"
jiminလည်းအစကတော့ ဖယ်ပေးမို့လုပ်ပေမယ် မော့ကြည့်လိုက်တော့
ဟိုနေ့ကသူ့ကို ဘောလုံးနဲ့ပစ်ခဲ့တဲ့ကောင်လေး ဒါကြောင့် Jiminလည်း"ဘာလို့ ဖယ်ပေးရမှာလည်း ဒီခုံမှာမင်းနာမည်တပ်ထားလို့လား"
"ဟုတ် ခုံနောက်ကိုကြည့်လိုက်ပါ"
အယ်မယ် ဟုတ် တဲ့ပါလား ယဉ်ကျေးနေလိုက်တာ
Jiminလည်းခုံနောက်ကို ကြည့်လိုက်တော့ တကယ်ကြီးရေးထားပါလားဘယ်လိုတောင်လားဟ
"အဟမ်း နာမည်ရေးထားပေမယ့် ငါအရင်ရောက်တာလေ အဲ့တော့ ငါထိုလို့ပြီးမှ မင်းထိုင်"
"ဟုတ်"
ဟမ် ဟုတ်တဲ့လား ကျွန်တော်ထင်တာက မထိုင်ပါဘူး ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုပြီးပြောမယ်ထင်ထားတာ အခုလည်း ကျွန်တော့်ကို ဟုတ်လို့ပြောကာ ဘေးက ကျောက်တုန်းလေးပေါ်မှာထိုင်နေပြန်ပါပြီ ဒါ ဟိုနေ့က ကောင်လေးမှ ဟုတ်ရဲ့လား~~
Jung kook သည် သူမြတ်နိုးတဲ့ အရာလေးတွေနဲ့ ခြိမ်းခြောက်တာပဲဖြစ်ဖြစ် ဘာပဲဖြစ် သူခံနိုင်သည် အဓိကက သူ့မြတ်နိုးရာလေးတွေ မပျောက်ဆုံး မပျက်စီးသွားဖို့သာ
ဒါကြောင့်ထိုကောင်လေးပြောတာကို တဟုတ် ဟုတ်နဲ့သာပြန်ဖြေပြီးတော့ ဘေးနားက ကျောက်တုန်းလေးပေါ်မှာသာငြိမ်ငြမ်လေးထိုင်နေမိသည်
အားးးပျင်းစရာကြီးကွာ ငါကရန်ဖြစ်ချင်တဲ့ဟာကို အခုတော့ ဘေးနားမှာ ယုန်တစ်ကောင်လိုသနားစရာပုံစံနဲ့ လာထိုင်ပြနေတယ်
"အဟမ်းးးမင်းထိုင်လို့ရပြီ ငါသွားတော့မယ်"
"ဟုတ်"
လာပြန်ပြီ ဟုတ်😒
Jiminလည်းဂေဟာထဲသို့ပြန်ဝင်လာခဲ့သည်
"မေမေ မပြန်သေးဘူးလားဗျာ သားပျင်းလာပြီ"
"ခဏလေးပါ ပြီးရင်ပြန်မယ်နော်"
ခဏအကြာ
"Jimin မေမေ jung kook ကိုသွားနှုတ်ဆက်လိုက်ဉီးမယ်"