မေ့ယန်တစ်ယောက်ခန်းမဆောင်စီဖြည်းဖြည်းချင်းလျှောက်လှမ်းလာခဲ့တယ်
ငါမင်းကြီးဆီကဆင့်ခေါ်ခံရတယ်။သူနဲ့မတွေ့တာတော်တော်ကြာပြီ။အခုမှဘာဖြစ်ရတာလဲ။ငါအခုသူ့ရဲ့အိပ်ဆောင်ရှေ့ရောက်နေပီ။
အထိန်းတော်ကြီးရဲ့ဌက်ဆိုးထိုးသံ😁။
"အရှင်းမင်းကြီး,မင်းသမီးရောက်ပါပြီ"
"ဝင်ခွင့်ပြုလိုက်"
ငါဘုရင့်ရဲ့အသံကိုကြားရတယ်။ငါဝင်သွားပြီးဂါဝရပြုလိုက်တယ်။
"ယန်အာ လာပြီလား"
သူငါ့ကိုဒီလိုမျိုးခေါ်တာပထမဆုံးဘဲ။ငါသူ့ဆီကဘယ်တုန်းကအဖေတစ်ယောက်ရဲ့ကြင်နာမှုမျိုးမရခဲ့ဖူးဘူး။
"အရှင်မင်းကြီး,ကျမကိုဆင့်ခေါ်တာပြောစရာတစ်ခုခုများရှိလို့လား"
အမှန်တိုင်းပြောရရင်ငါသူ့နားမှာမနေချင်ဘူး။သူ့မျက်နှာကငါ့ကိုအနေခက်စေတယ်။
"ယန်အာ,မင်းငယ်ငယ်ကတည်းကမင်းကိုပစ်ပယ်ထားမိတာငါစိတ်မကောင်းပါဘူး""ဒီခမည်းတော်တောင်းပန်ပါတယ်"
"ရပါတယ်ခမည်းတော်" "စိတ်ထဲမထားပါနဲ့"
"ခမည်းတော်,ဘာများပြောစရာရှိလို့လဲ""ကောင်းပြီ,ငါမင်းတွက်လက်ထပ်ပွဲစီစဉ်ထားတယ် "
ဘာ,မဖြစ်နိုင်တာ,ဘယ်သူကငါ့လိုဘာမှမရှိတဲ့မိန်းကလေးကိုလက်ထပ်ချင်မှာလဲ။ဒါပင်မယ့်ငါလက်မခံရင်အရေးမပါတဲ့ကောလဟလေတွထွက်လာလိမ့်မယ်။
"ကျွန်မဘယ်သူနဲ့လက်ထပ်ရမှာလဲသိခွင့်ရှိမလား"
"သူကအိမ်နီးချင်းတိုင်းပြည်ကဘဲ"
"သူကEmperorယဲ့ဟွာ"(မိန်းကလေးနာမည်မဟုပါဘူးနော်မင်းသားနာမည်ပါနော်ဒါဒါလေးတို့ရှုပ်နေမှာစိုးလို့ပါ😁)Empreorယဲ့ဟွာ!သူကသွေးအေးပြီးနှလုံးသားမရှိတဲ့ဘုရင်လို့ငါကြားဖူးတယ်။သူတိုက်တဲ့စစ်ပွဲတိုင်းအရှုံးမရှိဘူး။လွန်ခဲ့တဲ့နှစ်အတော်အကြာကခမည်းတော်ရဲ့မွေးနေ့ပွဲမှာငါသူ့ကိုတစ်ခါတွေ့ဖူးတယ်။မင်းသမီးဖြစ်ဖြစ်တော်ဝင်အမျိုးသမီးတွေဘဲဖြစ်ဖြစ်ဘယ်သူမှသူ့နားကိုကပ်လို့မရဘူး။(တော်ဝင်အမျိုးသမီးဆိုတာဂုဏ်သရေရှိအမျိုးသမီးတွေအမတ်မင်းတွေရဲ့သမီးတွေကိုဆိုလိုတာပါနော်☺️)