မနက်ကျောင်းသွားတော့ Jong in ကသူ့photo clubမှာလုပ်စရာတွေရှိသေးတယ်ဆိုပြီး သူ့ကိုကျောင်းအခန်းဝထိ လိုက်ပို့ပြီး အမြန်ပြေးထွက်သွားသည်။ အစကတော့ သူ့ကိုပစ်ပြီး သွားရလားလို့ စိတ်ဆိုးမလို့ပါဘဲ ။ ခုတော့မဆိုးတော့ဘူး Jong in ကကားပေါ်မှာကတိပေးပြီးသား။
" ကိုယ်ကလေ သဲတုံးကိုသာ အချစ်ဆုံး ကိုယ့်မျက်လုံးထဲမှာလေ သဲတုံးတစ်ယောက်တည်းကိုဘဲ မြင်တာ ကိုယ့်ကိုယုံနော် "
အဲ့လိုပြောလာမှတော့ ဘယ်သူကစိတ်ဆိုးရက်တော့မှာလဲ။ပြောလို့ြေုပာတာမဟုတ်ဘူး အဲ့ကောင်ကလေ တော်ကီကတော့ ကြွယ်သလားမမေးနဲ့။ပြီးတော့ ချစ်ဖို့လည်းကောင်းတယ်။
" ဟိုကောင် ph ကြည့်ပြီး ကြည်နူးမနေနဲ့ "
အဲ့ Tao ဟာ လေ သာသနာဖျက်ကောင်။တကယ်ဘဲ သူများကြည်နူးနေတာကို သူ့ဟာနဲ့ ကြည်နူးနေရင်တော့ ဘယ်သူလာဖျက်ဖျက် သိုင်းတွေထုတ်ပြီးဘဲချတော့မလိုလိုနဲ့။
" ငါ့ဘာသာကြည်နူး နေတာကို မနာလိုဖြစ်နေတာလား ပန်ဒါကောင် "
" ဟေ့ကောင် !! ငါ့ကို အဲ့လိုမခေါ်ပါနဲ့ဆို ... "
" မင်းရုပ်ကတစ်နေ့တစ်ခြား ပန်ဒါရုပ် ပေါက်လာတာကိုငါက ပန်ဒါလို့ မခေါ်လို့ ဘယ်လိုခေါ်ရမှာလဲ ပန်ဒါကောင်ရဲ့ ... "
" Oh sehun !! မင်းတော့နော် "
အလယ်က Baekhyun ကိုကျော်ကာ အော်ဟစ် ရန်ဖြစ်နေတဲ့နှစ်ကောင်ကြောင့် ကြားထဲကသူသာလျှင်နာငြီးလာသည်။အတန်းထဲကဟာတွေကလည်း ဒီလောက်အော်ဟစ်နေတာကို ဘာမှမဖြစ်တဲ့အတိုင်းဘဲ။
ဘုန်း!!!! ( ခုံရိုက်သံ )
စာအုပ်ယူကာ စားပွဲခုံကိုရိုက်ချလိုက်မှ နှစ်ကောင်သားကြောင်တောင်တောင်နဲ့ တိတ်သွားလေသည်။
" မင်းတို့နှစ်ကောင် တိတ်တိတ်လေးနေစမ်းပါကွာ နားကိုငြီးနေတာဘဲ "
Baekhyun အော်လိုက်မှ Sehun နဲ့ Tao တို့တိတ်သွားကြသည်။ဒါတောင် မျက်လုံးချင်းစစ်တိုက်နေကြသေးသည်။
နောက်ခုံက chanyeol လေးကတော့ သူ့ချစ်ချစ် စိတ်တိုနေတာမို့မြှားဦး သူ့ဘက်မလှည့်လာအောင် အစွမ်းကုန်မျက်နှာချိုသွေးနေရသည်။

YOU ARE READING
♡ Mʏ Bᴏʏ ♡ ( Z & U ) Shot Story [Completed ]
FanficKaihun Start date - 8 . June . 2021 End date - 22 . June . 2021