Part 1

28 2 0
                                    

Unicode

လွန်ခဲ့သည့် နှစ်ပေါင်း၆၀ခန့် ၁၉ရာစုနှစ်မှစ၍ M​နိုင်ငံသည် အရှေ့အာရှကမ်းရိုးတန်းဒေသမှ ခွဲထွက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ သီးခြားနိုင်ငံငယ်အဖြစ် ရပ်တည်ခဲ့သည်။ Mနိုင်ငံကို အင်အားကြီး မျိုးနွယ်စု ၄ခုက အဓိက အုပ်ချုပ်ပြီး မျိုးနွယ်တစ်ခုချင်းစီရဲ့ လက်အောက်မှာ မျိုးနွယ်စုငယ် ၁၁စု အသီးသီးရှိကြသည်။ ထိုမျိုးနွယ် ၄ခုမှာ ထန်၊ စုန့်၊ လီ၊ လျန် ဟု အမည်တွင်သည်။

ထန်မျိုးနွယ်က Mနိုင်ငံကို စတင်တည်ထောင်တဲ့ အင်အားအကြီးဆုံးမျိုးနွယ်ဖြစ်ပြီး ကိုယ်ပိုင်စစ်တပ်အင်အား အများဆုံးဖြစ်သည်။ ထန်မိသားစုရဲ့ အုပ်ချုပ်ပုံစနစ်က အာဏာရှင်ဆန်ပြီး ရက်စက်ကြမ်းကြုပ်တာကြောင့် ကျန် မျိုးနွယ်စုသုံးစုက မနှစ်မြို့ကြပေမယ့် ထန်မိသားစုရဲ့ စစ်တပ်အင်အားကိုလည်း မလွန်ဆန်နိုင်ပေ။

ထန်စစ်တပ်က Mနိုင်ငံရဲ့ကာကွယ်ရေးမှာ အဓိကကျတာကြောင့် ထန်မိသားစုကို ပုန်ကန်ဆန့်ကျင်ရင် ပြည်ပရန်သူကို ဖိတ်ခေါ်သလိုဖြစ်သွားပေမည်။ ဒါကြောင့် ကျန်မျိုးနွယ်စုတွေက ထန်မိသားစုရဲ့လုပ်ရပ်တွေကို ဝင်မစွက်ဖက်ပဲ မျက်ကွယ်ပြုထားရခြင်းဖြစ်သည်။

ဒုတိယ စစ်တပ်အင်အားကို ပိုင်ဆိုင်ထားသည့် စုန့်မိသားစုကတော့ စည်းကမ်းကြီးပြီး အင်အားလည်းတောင့်တင်းသည်။ သို့ပေမယ့် ထန်မိသားစုနဲ့ထိပ်တိုက်တွေ့လျှင် ပြည်သူတွေ ထိခိုက်ဆုံးရှုံးမှုများမှာကို ကြိုတွေးဆပြီး ထန်စစ်တပ်ကို မလွန်ဆန်တာဖြစ်သည်။ စုန့်ခေါင်းဆောင်က ဖြောင့်မတ်ပြီး အမှန်တရားကို အလေးထားတဲ့သူဖြစ်တာကြောင့် တစ်ချိန်မှာ Mနိုင်ငံကို ထန်မိသားစုရဲ့အာဏာစက်ကနေ ကယ်ထုတ်ပေးနိုင်မယ့် တစ်ခုတည်းသော အိမ်တော်ဖြစ်သည်။

လီအိမ်တော်က Mနိုင်ငံရဲ့ စီးပွားရေး အချက်အချာကျတဲ့ ကုန်သွယ်ရေးပိုင်းကို တာဝန်ယူထားသည့် အိမ်တော်ဖြစ်သည်။ ဘဏ္ဍာရေးတောင့်တင်းပြီး Mနိုင်ငံရဲ့ ကာကွယ်ရေးစစ်တပ်နှစ်တပ်လုံးကို စားနပ်ရိက္ခာထောက်ပံ့ပေးသည်။ လီခေါင်းဆောင်က စီးပွားရေးနဲ့ပတ်သက်ရင် အရှေ့ကိုကြိုတင်တွက်ဆပြီး အကျိုးအမြတ်ရမည့်အလုပ်ကိုသာ လုပ်တတ်သည့်လူစားဖြစ်သည်။

Xing YangWhere stories live. Discover now