Part 2

5 0 0
                                    

Unicode

ပြီးခဲ့သည့်ဇာတ်လမ်းအကျဥ်း#

ထန်ခေါင်းဆောင် ထန်ကျန်းဟာ လူထုရဲ့ထောက်ခံမှုကိုရထားတဲ့ မြေးဖြစ်သူ ထန်ရှင်းရန်ကို ခေါင်းဆောင်နေရာလွှဲအပ်မည်ဟု ကြေညာခဲ့ပြီး ထန်ရှင်းရန် အသက် ၂၀ပြည့်ရင် ထန်မျိုးနွယ်ရဲ့ခေါင်းဆောင်ဖြစ်လာလိမ့်မည်။ ထိုသတင်းကြောင့် ထန်ပြည်သူတွေ ဝမ်းသာခဲ့ကြပေမယ့် မနာလိုတဲ့လူတစ်စုကတော့ ထန်ရှင်းရန်ကို ဖြုတ်ချဖို့ ကြံစည်ခဲ့ကြသည်။

~~~~~~~~~

တစ်နေ့မှာတော့ ရှင်းရန်တက်သည့်ကျောင်းမှာ အားကစားပြိုင်ပွဲ ကျင်းပသည်။ ရှင်းရန်သည် ကျောင်းလက်ရွေးစင် အပြေးချန်ပီယံဖြစ်တာကြောင့် သူလည်း ကျောင်းမှာရှိနေခဲ့သည်။

'ဘုန်း!´

"အား!..."

ပြိုင်ပွဲအခမ်းအနားဖွင့်လှစ်ပြီး မကြာခင်မှာပဲ ကျောင်းနဲ့အနီး တစ်နေရာက ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။ ထိုပေါက်ကွဲသံကြောင့် ကျောင်းသားမိဘတွေနဲ့ ကျောင်းသားတွေ အားလုံး အထိတ်တလန့် ဖြစ်ကုန်ကြသည်။

"အားလုံးပဲ ကိုယ့်နေရာမှာ ငြိမ်ငြိမ်လေး ထိုင်ပေးကြပါ!"

"လူအများကြီး စုရုံးမပြေးကြပါနဲ့၊ တတ်နိုင်သမျှ လူစုခွဲကြပါ!"

ဆရာတွေက မိဘပြည်သူများကို ငြိမ်သက်စွာ ထိုင်နေပေးဖို့ပြောပေမယ့် တချို့မိဘနဲ့ကလေးတွေက ကြောက်လန့်ပြီး ထွက်ပြေးကုန်ကြသည်။ သို့ဖြစ်၍ ဝရုန်းသုန်းကားနဲ့ ပြေးလွှားနေတဲ့ ကျောင်းသားအင်အားကြောင့် ဆရာတွေလည်း ပွဲအခြေအနေကို မထိန်းသိမ်းနိုင်တော့ပေ။

ထန်ရှင်းရန်မှာ ပေါက်ကွဲတဲ့နေရာဆီက အခြေအနေကို သိချင်တာကြောင့် လူအများကြီး တွန်းတိုက်သွားလာနေကြတဲ့ ကျောင်းဝင်ပေါက်ဆီ တိုးဝင်ပြီး ကျောင်းအပြင်ဘက်သို့ ထွက်လာခဲ့သည်။

မီးခိုးတွေထွက်ပေါ်နေသည့် လားရာကိုကြည့်ခြင်းအားဖြင့် ပေါက်ကွဲတဲ့နေရာက ကျောင်းရဲ့တစ်လမ်းကျော်မှာရှိသည့် မြို့တွင်းဆေးရုံ သို့မဟုတ် စာတိုက်တစ်နေရာဖြစ်နိုင်သည်။ ထိုနေရာနှစ်ခုမှာ မြို့လယ်ခေါင် အချက်အချာကျသည့်နေရာဖြစ်၍ လူသွားလူလာများကာ ထိခိုက်တဲ့လူဦးရေလည်း များပေလိမ့်မည်။

Xing YangWhere stories live. Discover now