အချစ်ပုံပြင်-၁၈(Love story-18)

2.7K 237 15
                                    

"ဟယ်လို"

"ဟယ်လို Taehyung သားလား"

"အော် Omma ဟုတ်ဘာဖြစ်လို့လဲ"

"ဒီမှာလေ သားငယ်ဖျားနေလို့"

"ဗျာ!"

Kookieရဲ့Omma ပြောလိုက်တဲ့စကားကြောင့် Taehyung စိတ်ပူသွားကာအော်လိုက်မိသည်

"အမလေးဟဲ့ ဖြေးဖြေးအော်ပါဟဲ့ လန့်တာကို"

"အာ..ကန်တော့ကန်တော့ အဲ့တာဆေးမတိုက်ဘူးလား Omma ကလေးကမသောက်ချင်လို့လား"

"မင်းလာမှသောက်မှာတဲ့ ဘယ်လိုတိုက်တိုက်တိုက်ကိုမရဘူး"

"အာ...ဒီကောင်လေးကတော့ကွာ ဟုတ်ဟုတ် ကျွန်တော်အခုလာခဲ့မယ် Omma"

"အေးအေး"

Taehyung ကားသော့ကိုယူကာဒီနေ့ Hotel မသွားတော့ဘူးလို့တွေးရင်း Kookie အိမ်ကိုမြန်မြန်ထွက်လာခဲ့သည်
Kookie အိမ်ကိုရောက်တာနဲ့ Omma ကိုအကျိုးအကြောင်းမေးကာ ဆေးယူပြီး Kookie အခန်းဆီကိုတက်လာခဲ့သည် အခန်းတံခါးကိုဖွင့်လိုက်တော့ စောင်ကိုခေါင်းအထိခြုံကာအခန်းတံခါးဘက်ကိုနောက်ကျောပေးထားသည့် ခန္ဓာကိုယ်လုံးလုံးလေးကိုတွေ့လိုက်ရသည်
Taehyung ကုတင်အစွန်းမှာထိုင်ကာ Kookie ရဲ့စောင်ပုံထဲကထိုးထိုးထောင်ထောင်လေးထွက်နေသည့်ဆံပင်အိအိလေးတွေကိုသာသာယာယာဖွကာနိုးမိသည်

"ကလေးလေး..."

Taehyung ရဲ့အသံကိုကြားတော့ Kookie ကလှည့်လာသည် ငိုထားရလို့မျက်လုံးလေးတွေမို့အစ်ကာနှာခေါင်းလေးကလည်းတရှုံ့ရှုံ့ဖြစ်ကာနီရဲနေသည်

"ကို..ကိုကို.."

"ကလေးလေး ဖျားနေတယ်ဆို ထ ဆေးသောက်ရအောင် ငိုထားတာလားကွာ မျက်လုံးလေးတွေမစပ်ဘူးလား ပေါက်စလေးရယ်"

Kookie ရဲ့မို့အစ်ကာဝိုင်းစက်နေသည့် မျက်လုံးလေးတွေကိုအသာအယာငုံ့နမ်းရင်းမေးမိသည်

"ကို...ကိုကို....Kookie ကိုစိတ်ဆိုးနေတုန်းပဲလားဟင်"

Kookie ကထထိုင်ရင်း Taehyung ကိုမေးသည်

"....."

"ကိုကိုလို့ Kookie တောင်းပန်ပါတယ်နော် နောက်တခါကိုကို့ကိုလိမ်မပြောတော့ဘူးနော် ကိုကိုမကြိုက်တာတွေလည်းမလုပ်တော့ဘူးနော်လို့ ဟင့်"

My little koo♡︎Where stories live. Discover now