(Zawgi. )
1937 ပေကျင်းမြို့ ည၈နာရီ ခန့်
ဟုန်ယန်းပြဇာတ်ရုံရှေ့တွင် ကားတစ်စီး ရပ်နေသည်။ထိုကားထဲမှ တပ်သားတစ်ယောက်ဟာ အလျှင်အမြန်ဆင်းလာပြီးကားအနောက်တံခါးကိုဖွင့်ပေးနေသည်။တံခါးဖွင့်ပြီး အလေးပြုနေသည့် တပ်သားကိုမြင်တာနဲ့ ဖြတ်သွားဖြတ်လာလူတွေနှင့် ပြဇာတ်ရုံရှေ့ တန်းစီနေသော လူတွေပါ အထူးအဆန်းကြည့်နေကြသည်။ထိုကားထဲကနေဆင်းလာတဲ့သူကတော့
ပုခုံးတွင်ကြယ်ပွင့်တွေအများကြီး ပိုင်ဆိုင်ထားတဲ့ ဗိုလ်ချုပ်ကြီးဝမ်ရိပေါ်ပင်ဖြစ်သည်။အသက်ငယ်ငယ်လေးနဲ့
စစ်ပွဲတွေမှာ အကျိုးဆောင်ကာ ဗိုလ်ချုပ်ကြီးရာထူးကို ရခဲ့တဲ့ ၀မ်ရိပေါ်ကတော့ ပေကျင်းတစ်မြို့လုံးမသိသူ
မရှိတဲ့အထိ သတင်းမွှေးသည်။"ဗိုလ်ချုပ်ကြီးက ဒီပြဇာတ်ရုံကိုလာတာထင်တယ်။"
"သတင်းစာထဲမှာထက် အပြင်မှာပိုခန့်ညားတာပဲ။"
စသဖြင့် လူတွေ တီးတိုးပြောနေကြသည်။
ဗိုလ်ချုပ်ကြီးဝမ်ရိပေါ်က သူစောင်းထားတဲ့ ဦးထုတ်
စောင်းမနေစေရန် ပြင်ဆင်ပြီးမှ
ပြဇာတ်ရုံထဲကို ၀င်သွားလိုက်သည်။ပြဇာတ်ရုံတစ်ခုလုံးရဲ့ ရှေ့ဆုံးအတန်းကလက်မှတ်ကို ဗိုလ်ချုပ်ကြီးက အကုန်ဝယ်လိုက်တယ်။သူ့နဲ့အတူတူပါလာတဲ့ တပ်သားတစ်ယောက်ကိုတော့ ဒုတိယတန်းက ခုံမှာသာ လက်မှတ်ဝယ်ပြီး ထိုင်ခိုင်းလိုက်သည်။
ရှေ့ဆုံးတန်းကခုံလက်မှတ်တွေကို အကုန်ဝယ်ပစ်လိုက်တဲ့ ဗိုလ်ချုပ်ကြီးက ရှေ့တန်းမှာ သူတစ်ယောက်တည်း
မိန့်မိန့်ကြီးထိုင် နေသည်။ ပြဇာတ်
အော်ပရာဇာတ်လမ်းမစသေးလို့ကာထားတဲ့အနီရောင်လိုက်ကာစကြီးကိုကြည့်ရင်း တည်ကြည်နေတဲ့ မျက်နှာပေါ်မှာအပြုံးတွေ ဖြတ်ပြေးသွားသည်။အော်ပရာစတင်တော့မယ့် အချိန်ဖြစ်လို့ ရုံတစ်ရုံလုံး မီးရောင်တွေပျောက်ကွယ်ကုန်သည်။ပြဇာတ်စင်ပေါ်တွင်သာ မီးလင်းနေပြီး တစ်ဆက်တည်းမှာပဲ အဖြူရောင်အ၀တ်စားနှင့်
နက်မှောင်နေတဲ့ ဆံကေသာပေါ်မှာ တစ်လက်လက် တောက်ပနေတဲ့ တန်ဆာတွေဆင်မြန်းထားတဲ့သူဟာ
ညှင်သာသော ခြေလှမ်းတွေဖြင့် လျှောက်လာသည်။
YOU ARE READING
Fanficမင်းအတွက် နေ့တိုင်းပန်းတစ်ပွင့်ကိုယ်ယူလာပေးမယ်။ဒီပန်းတွေ ၉၉ပွင့်ပြည့်တဲ့နေ့မှာမင်းကိုယ့်ကို အဖြေပေးရလိမ့်မယ် ရှောင်ရှောင်း။ မင်းအတွက် နေ့တိုင်းပန်းတစ်ပွင့်ကိုယ်ယူလာပေးမယ်။ဒီပန်းတွေ ၉၉ပွင့်ပြည့်တဲ့နေ့မှာမင်းကိုယ့်ကို အဖြေပေးရလိမ့်မယ် ရှောင်ရှ...