Jennie ဝင်လာတော့ Lisa က ကုတင် အစွန်းမယ် ကုပ်ကုပ်လေးထိုင်နေသည် ။
Jennie : Li
Lisa : ဟင်
Jennie : ရော့ တပတ် Li အရင် ရေချိုးလိုက်နော် မနက်ဖြန် ကျောင်းဖွင့် မှာဆိုတော့ Ni အိမ်စာတွေမပြီးသေးလို့ရေးလိုက်အုံးမယ်
Lisa အား တပတ်ပေးကာ စားပွဲနားသွားပြီး စာအုပ်ထုတ်ကာ အိမ်စာတွေ ပြီးအောင်ရေးနေသည်။Lisa လည်း Jennie ပေးတဲ့ တပတ်ကို ပုခုံးပေါ်တင်ကာ
ရေချိုးခန်းထဲ ဝင်သွားသည်။ရေချိုးခန်းတံခါးပိုက်လိုက်တော့ မြင်လိုက်ရတဲ့ ရေချိုးကန်ကြောင့် ဗီဇက ပြချင်လာသည် ။
စိတ်ကို အတက်နိုင်ဆုံးကာ ရေပန်းနေ ချိုးမို့လုပ်သော်လည်း ဘေးနားတွင် ရေချိုးကန်ရှိနေတာကြောင့်
မသိလိုက်ခင်မှာပဲ လက်က ကန်ထဲ ရေဖြည့်ဖို့ ပိုက်လှည့်ပြီးသွားပြီ။
တန်းပေါ်တပတ်တင်ကာ အင်္ကျီတွေ အကုန်ချွတ်ကာ ဒူးထောက်လိုက်သည်။
ခဏကြာတော့ တစ်ကိုယ်လုံး အမွေးများထွက်လာကာ ဝံပုလွေအဖြစ်သို့ပြောင်းလဲသွားသည်။
အမြှီးနှံ့ကာ ရေချိုးကန်ထဲခုန်ဝင်ကာ ဆပ်ပြာဘူးကို မဖွင့်နိုင်တာကြောင့် အကုန်လုံးမှောက်ချလိုက်သည်။
ကန်ထဲ ထနေတဲ့ အမြုပ်တွေထဲ Lisa တစ်ယောက် လူးလိမ့်ကာ ခုန်ပေါက်နေသည်။
Lisa : ဟီဟိ . . ပျော်စရာကြီး
အရှေ့ခြေထောက်ဖြင့် ကန်ထဲက ရေတွေ ကို အပြင် မကျ ကျအောင် ခုန်ကာ တစ်ယောက်ထဲ ပျော်မြူးနေသည်။
ဆပ်ပြာပူဖောင်းလေးတွေ ကို ပါးစပ်ဖြင့်လိုက် ကိုက်လိုက်
ခန္ဓာကိုယ်ပေါ်က အမြုပ်ခါလိုက် ရေတွေကို ခုန်ပေါက်ဆော့လိုက်နဲ့ ဘေးနားက ဆပ်ပြာဘူးတွေပါတိုက်မိကုန်သည်။စာလုပ်နေရင် nini တစ်ယောက် ရေသံတွေကြောင့် Lisa များချော်လဲပြီး ရေချိုးကန်ထဲ နစ်နေသည့်အထင်နဲ့