Chae : အင်း . . . ကျစ်! ကျစ် !ကျစ်! . .ငါ့ခေါင်းခေါင်းတေ့
ချယ်တစ်ယောက် အိစက်နေသည့် အိပ်ယာကိုလက်တစ်ဖက်ဖြင့်ထောက်ကာ . ကိုက်ခဲနေသည့် ခေါင်းကိုဖိပြီး နိုးထလာသည်။
Li : နိုးပြီလား
ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်ရင်းကနေ ထလာကာ ကုတင်ဘေးနားတွေရပ်လိုက်သည်။ လက်နှစ်ဖက်ဘောင်းဘီ အိပ်ကပ်ထဲထိုးထည့်ကာ။
Lisa : ခေါင်းကိုက်နေလို့လား . . ငါမနေ့က နင့်ကို ဘာမှလဲမလုပ်မိပါဘူး . . ကြမ်းပြင်နဲ့ ခေါင်းနဲ့ထိမိသွားလို့ ဖြစ်မယ်
Lisa စကားကို နားထောင်နေသော်လည်း . မနေ့က အဖြစ်အပျက်ကို အမှတ်ရပုံမပေါ်သေး ။ ကော်ရိတ်တာ ကနေ ထိုးနေတဲ့ အလင်းကို လက်ဖြင့်ကာလိုက်တော့ Lisa က
Lisa : နေထိုး နေလို့လား
ပြောလည်းပြော Lisa သူ၏ ထူထဲသော အမြှီး ဖြင့် ချယ့်ကို စူးနေသည့် အလင်းအားကာပေးလိုက်သည်။
Chae : ကျေးဇူး . . . ဟင်! . . .လီ လီဆာ . . နင် အ မြီးကြီးက
အမြှီးကြီး နဲ့ Lisa ကိုမြင်တော့ နောက်ကို တဖြည်းဖြည်းဆုတ်သွားသည်။
ဘုန်း*
Chae : အ့
အကြောက်ကန်ပြီး အဆုတ်လွန်ကာ ကုတင်ပေါ် ပြုတ်ကျသွားသည်။
Lisa ပြာယာခတ်နေတဲ့ချယ့်ကို ကြည့်ကာ ဝမ်းနည်းမိသည်။
ဒီလောက်တောင် ငါက ကြောက်စရာကောင်းသလား ။ ကိုယ့်ရဲ့ အချစ်ဆုံး သူငယ်ချင်းတောင် အနားနားမကပ်ရဲတော့တဲ့ အထိလေ ။
တစ်ချို့ မကောင်းဆိုးဝါးတွေကိုတောင် ကိုယ်ချင်းစာလာသလိုပဲ ။ မကောင်းဆိုးဝါးတစ်ချို့ဟာ လူတွေရှင်းပြချင်ကြတယ် . . သူတို့ ဟာ မကောင်းတာတွေမလုပ်ဘူးဆိုတာကို ။
ဒါပေမဲ့ လူသားတွေဟာ တယူသန်တဲ့ စိတ်တွေထားကြတယ်
ဥပမာ မကောင်းဆိုးဝါး ဆိုတဲ့ မကောင်းတာပဲ လုပ်ကြတယ် ဆိုတာမျိုး . . အဆွယ်တွေပေါက်နေရင် လူသားတွေကို သတ်တက်ကြ တယ် ဆိုတာမျိုး .. စတဲ့ စိတ်တွေကို ထားကြတယ်။