Arc-2.13

5K 572 52
                                    


တိတ်ဆိတ်နေမူ့ကြီးကို ရှောင်ကအရင်ဖြိုခွဲလိုက်တော့တယ်..အံ့သြတုန်လှုပ်နေသော်လေသံဖြင်....

" အ.....အကို...ခင်ဗျားက ကျွန်တော်ရဲ့ အကိုလား..."

ထျန်းရှောင်ဟာသူ့ကို မေးနေတဲ့ရှောင်ဘက်ကိုလှည့်ပြီး...

" ဟုတ်တယ် ကိုကမင်းရဲ့အကိုပဲ.... မင်းရဲ့တစ်ဦးတည်းသော မိသားစုဝင်...."

" ဒါ....ဒါဘယ်လိုဖြစ်...."

" ကိုနောက်မှညီလေးကို အားလုံးရှင်းပြမယ်...အခုတော့ညီလေးကို အမြဲတမ်းသတ်ဖို့ကြိုးစားတဲ့ ဒီတစ်ယောက်ကိုအကိုအရင် သတ်ရမယ်...."

လို့ပြောပြီး သူ့ရဲ့ဓားကိုလွှဲလိုက်ကာ ချီဝေ့ချင်းရဲ့လည်ပင်းကို ဖြတ်ဖို့အရှိန်ယူလိုက်တဲ့အချိန်မှာပဲ ရှောင်ဟာ...

" အကို မလုပ်နဲ့ လွှတ်ပေးလိုက်ပါ...."

" ညီလေး ဒီတစ်ယောက်ကမင်းကို..."

" ကျွန်တော်သိတယ်သူက ကျွန်တော်ကိုအမြဲတမ်းသတ်ဖို့ကြိုးစားတဲ့သူဆိုတာကို ဒါပေမဲ့ ကျွန်တော်ကိုပြုစုပေးဖူးတဲ့ မွေးစားမိဘတွေရဲ့သမီးလေ အဲ့ဒါကိုကျွန်တော်က သတ်ရမှာလား...."

" ညီလေးဘယ်လိုလုပ်ဖို့စဥ်းစားထားတာလည်း.... "

" သူ့ကို နန်းတော်ပြင်ပကိုပဲ နှင်လွှတ်လိုက်ပါ..."

" ညီလေးရယ်..မင်းကတော်တော်လေးကို စိတ်ကောင်းစေတနာရှိလှပါလား...ကောင်းပါပြီလေ ညီလေးစိတ်တိုင်းကျပေါ့..."

" ကျေးဇူး အကို..."
ကျေးဇူးပါကွာ မင်းမသတ်လို့ကျေးဇူးအရမ်းတင်တယ်...မင်းသာသတ်လိုက်ရင် သူမကိုအပြစ်ပေးတာနည်းသွားတာပေါ့..သူမနန်းတော်ပြင်ပရောက်တာနဲ့ ဟင်းဟင်း....

" ရပါတယ်....ချီဝေ့ချင်း မင်းကံကောင်းသွားတယ်မှတ် ငါ့ညီသာမတားရင်မင်းအခုချိန်သေနေပြီ... သွား...ငါ့မျက်စိရှေ့ကနေအခုချက်ချင်းထွက်သွား..."

" ဟုတ်...ဟုတ်..."
ချီဝေ့ချင်းဟာ ကြောက်ကြောက်လန့်လန့် ထိုနေရာနေပြေးထွက်သွားတော့တယ်...အနောက်ကိုတစ်ချက်လေးတောင် လှည့်မကြည့်၊ သူမသေမှာကိုတော့ ကြောက်ရွံနေသည်။

ဒုတိယအခွင့်အရေး(Arc-2) (Oc)Où les histoires vivent. Découvrez maintenant