Part-2(Zawgyi ver;)
ထွက်ကျလာသော စာအုပ်လေးကို ကောက်ကာ ဆောလ်ရေရွတ်လိုက်သည်ကား........"Vampire..? Vampire ဆိုပါလား...?"
Vampireဆိုတာ တကယ်မရှိဘူး ဟုယူဆထားသော ဆောလ်အတွက် အထူးအဆန်းတော့ဖြစ်နေမိသည်.....သို့သော်လည်းဆောလ်ဖတ်ကြည့်ချင်လာ၍ လက်ထဲတွင် ကိုင်ထားသော စာအုပ်နီနီလေး၏ ပထမစာမျက်နှာသို့.....
ဆိုယွန်းအလုပ်အားသွား၍ လာထိုင်ကာ
"Yaa...ဘာတွေ အဲ့လောက်စိတ်ဝင်တစားဖတ်နေတာလဲ?""ဪ....ဘာမှမဟုတ်ပါဘူး....ဒါနဲ့ ယွန်း..နင် Vampire ဆိုတာကို ယုံလား...?"
"အင်း...ဘယ်လိုပြောရမလဲ...Vampire ကိုတကယ်ရှိတယ်လည်းပြောကြတယ် တစ်ချို့ဆိုမြင်တောင်မြင်ဖူးတယ်တဲ့ ဒါပေမဲ့ အများစုကတော့ Vampireကို မယုံကြဘူး မရှိကြဘူးလို့ပဲထင်ကြတယ်....ငါကတော့....Vampireဆိုတာမရှိလောက်ဖူးထင်တာပါပဲ...တကယ်လို့ ရှိတယ်ဆိုဦးတောင်မှ သူတို့လူတွေကြားမှာတော့ မနေနိုင်ကြပါဘူး..."
"အင်း...ဟုတ်တယ်နော်....ဒါပေမယ့် စိတ်ဝင်စားဖို့တော့ကောင်းသား...."
Ph ring.......
"Hello...ဟုတ်....မေမေ ဟုတ်....သမီးအခုလာခဲ့မယ်နော်"
"ဘာဖြစ်လို့လဲ..?အမေ ကခေါ်လို့လား ယွန်း..."
"အင်း....ငါခဏသွားရမယ်ထင်တယ်....အဲဒါ....ဆောလ်..."
"အင်းပါ....ငါစာအုပ်ဖတ်ရင်း ဆိုင်စောင့်ပေးထားပါ့မယ် သွားစရာရှိတာသွား...."
"အင်း....အားလည်းနာတယ်....ကျေးဇူးလဲတင်ပါတယ် သယ်ရင်းရယ်....အဲ့တာဆိုငါသွားလိုက်ဦးမယ်နော်..."
"အေးပါ....ရပါတယ်ဟာ..."
ဆောလ်လဲ coffee လေးသောက် စာအုပ်လေးဆက်ဖတ်ရင်းဆိုင်စောင့်နေခဲ့သည်.....
စာအုပ်ကလေးက တခြားစာအုပ်တွေနဲ့မတူပဲ တမူထူးခြားနေတာကို ဆောလ်သတိထားမိတယ်....မျက်နှာဖုံးအရာင်ကအနီရဲရဲစိုစို....စာရွက်တွေကလဲ....ဝါးနဲ့လုပ်ထားတဲ့စာရွက်သားမဟုတ်ဘဲ ထူထူချောချော...နောက်တစ်ခုက အရောင်....
အခြားစာအုပ်တွေလို ဝါညစ်ညစ်မဟုတ်....အောက်ခံကအနက်ရောင်ကြီး....ဆောလ်ကတော့ တွေးမိပါတယ်....ဘယ်လိုလူက ထုတ်ထားတဲ့ စာအုပ်ကြီးပါလိမ့်....ထူးဆန်းလိုက်တာလို့ပေါ့......
YOU ARE READING
Vampire's Bride
VampirgeschichtenUnicode>>>>>>>>> အချစ်စစ်ကိုတွေ့ရှိသော်လည်းVampire တစ်ယောက်အသက်ဆက်ဖို့ လူသားသတို့သမီးလေးကို လက်ထပ်စတေးရမည့် သတ်မှတ်ပြီးသား ကံကြမ္မာတစ်ခုကြောင့်...Vampireဖြစ်တဲ့Jiminဟာသူချစ်ရသူကို စတေးခံပါ့မလား..? JiminxOC , YoongixOC ficထဲတွင်ပါဝင်သော(Vampire)အကြော...