♥️Vampire's Bride♥️-4

292 43 12
                                    

Part-4

unicode ver;

မနက်ခင်းနေရောင်ဖြာကျလာ၍ လေးလံလွန်းလှသော
မျက်ခွံတို့ ဖြည်းဖြည်းချင်းဖွင့်လာသည့် ယွန်း၏မျက်လုံးတစ်စုံ.....

မြင်လိုက်ရသည်က မိမိအိမ်မဟုတ်ဘဲ တိုက်တစ်တိုက်အတွင်းရောက်ရှိနေမှန်း ယွန်းရိပ်မိလိုက်သည်။ မျက်နှာကြပ်ဖြူဖြူရှိခမ်းနားသည့်မီးဆိုင်းတစ်ခုချိတ်ထားသည်ကိုကြည့်၍ယူဆနိုင်သောကြောင့်ပင်...

"မင်း..နိုးလာပြီပဲ..."

ခပ်သြသြစကားသံတစ်ခုကြားလိုက်ရာ လှမ်းကြည့်လိုက်မိသည်။

"ရှင်..ရှင်က..?"

မျက်အိမ်သေးသေး မျက်နှာသွယ်သွယ် အများအားဖြင့် အနက်ရောင်suitဝတ်ဆင်ထားကာ အသားရည်မှာလည်း သူများထက်တမူဖျော့တော့ဖြူစွတ်နေ၍ ဆိုင်ကိုAmericanoဝယ်သူကလည်းခပ်ရှားရှားဆိုတော့ Maskတပ်၍လာဝယ်ခဲ့သော်လည်း သူမမှတ်မိနေသည်။

"ဟုတ်တယ်..မင်း မှတ်မိသားပဲ..."

"ဒါက..ဘယ်နေရာ..?? ကျွန်မဘယ်လိုလုပ်ရောက်နေတာလဲ??"

ယွန်းလည်း ပြောရင်းဆိုရင်း သိချင်စိတ်ဖြင့် ဆက်ကနဲထထိုင်လိုက်သည်။

"အိုဟိုး...ခဏနေပါဦး နေကကောင်းသေးတာမဟုတ်ဘူး မူးနေလိမ့်မယ်"

​ယွန်းဂီလည်းသူမကုတင်နားသွားလိုက်ကာ ဖြစ်ပုံကိုဆက်ရှင်းပြသည်။

"မနေ့ညက ကိစ္စတော့မမှတ်မိမယ်ထင်ဘူး..ဒီလို....
မင်းနောက်ကို အကြွေးရှင်တွေလိုက်လာတာမြင်လို့ ငါကလမ်းကြုံလို့ ဝင်ကူညီခဲ့တာ အဲ့တာပဲ..."

"လမ်းကြုံလို့? ကျွန်မမှတ်မိတာတော့ လူသွားလူလာမရှိတဲ့လမ်းကြိုလမ်းကြားထဲမှာပါ"

"ဟုတ်တယ်လေ...အဲ့ဘက်ကိုသွားစရာရှိရင်း ကားနဲ့ဖြတ်
သွားချိန်အသံကြားလိုက်လို့"

"ဪ...အဲ့လိုကိုး..ကျွန်မကိုကူညီပေးလို့ကျေးဇူးတင်ပါတယ်ရှင်.."

"မဟုတ်တာ ညဘက်ကြီးမိန်းကလေးတစ်ယောက်တည်းမို့မနေနိုင်လို့ဝင်ပါမိလိုက်တာလောက်ပါပဲ"

Vampire's BrideWhere stories live. Discover now