Chapter (1)

8 1 0
                                    

"Clin... Clin..."

"Hello.."
"..."
"ဟုတ်ပါတယ်ရှင်.."
"......"
"ရှင်..."
"....."
"ဟုတ်ကဲ့ အခုလာခဲ့ပါ့မယ် ရှင် ဟုတ်ကဲ့ပါ.."

ဖုန်းချပြီးချင်း ဆိုဖာပေါ် ခြေပြစ်လက်ပြစ် ထိုင်ချလိုက်မိသည်။

"ဘယ်ကဆက်တာလဲ မေကြီး.."

အပေါ်ထက်ကနေဆင်းရင်း မေးလာတဲ့ ဖေကြီးရဲ့ အမေး ကို ဘယ်လိုဖြေရမယ် မသိ။မဖြေလို့လဲမရပြန်..

"ရဲစခန်းကတဲ့ ဖေကြီးရေ.."

"ဟေ..ဘယ်လိုဖြစ်လို့တုန်း...မဟုတ်မှ မင်းသား ရန်ဖြစ်ပြန်ပြီလား.."

"..ဟုတ်တယ် ဖေကြီးရေ တစ်ဖက်က ကလေးကခေါင်းပေါက်သွားတယ်တဲ့... အဲတာအခုလာခဲ့ပါတဲ့..."

" တောက်..သားလေးတစ်ယောက်မွေးထားပါတယ်ကွာအားမကိုးရတဲ့ အပြင် တစ်နေ့တစ်နေ့ သူ့ကိစ္စတွေပဲ လိုက်ဖြေရှင်းပေးနေရတယ်.... "

"ကဲပါဖေကြီးရယ် နောက်မှ ဆက်ပြော အခုတော့ အရင်သွားကြရအောင်..."

လင်မယားနှစ်ယောက် စိတ်တိုတိုနဲ့ပဲ ဖုန်းဆက်ခေါ်တဲ့ ရဲစခန်းကို အားချင်း လိုက်သွားရသည်။
___________________

"အမလေးတော်....ကျမသား နုနုထွတ်ထွတ်ကလေးတော့ သွားပါပြီ.."

*ပိုကိုပိုလွန်းပါတယ်ကွာ*ရတု တစ်ယောက် စိတ်ထဲမှာတွေးလိုက်မိသည်
ဟုတ်သည်လေ ဂျိိုစောင်းလေး နည်းနည်းပေါက်သွားတာကို အော်ကြီးဟစ်ကျယ်တွေ လုပ်နေတာ တော်တော်မျက်စိဆံပင်မွေး ဆူးသည်။

"..ဟဲ့ အကောင် နင်ငါ့သားကို ဘယ်လိုတွေတောင် လုပ်လိုက်တာလဲ.. "

"ခဗျား မြင်တဲ့အတိုင်းပဲလေ.."

"ဘာ နင်မိုက်ရိုင်းလှချည်လား... မိမဆုံးမ ဖမဆုံးမ ကောင်.."

"ခဗျားကြီး ဘာစကားပြောတာလဲ.. "

"မိမဆုံးမ ဖမဆုံးမလို့ ပြောလိုက်တာလေ မင်းမကြား လိုက်ဘူးလား"

"ခဗျား ကျွန်တော် မိဘကို ဘာမှ ထိပါးပြီး ပြောစရာမလိုဘူး ကျွန်တော် မိဘက ကျွန်တော် ကိုဆုံးမတယ် ကျွန်တော် ကိုက ဆိုးချင်လို့ ကိုဆိုးတာ.. ဒီကိစ္စမှာလဲ ခဗျားသားဖက်က ရန်စလို့ ဖြစ်ရတဲ့ ကိစ္စ"

ယောWhere stories live. Discover now