Uni
•••••••ဒီနေ့ဟာတော့ဖြင့်
ရတုသွင်တို့ ခြေချုပ်မိနေတာ 3ရက်မြောက်သောနေ့ဖြစ်သည်
ရန်ဖြစ်လို့ ရဲစခန်းရောက်ပြီးထဲက ဖေဖေက ရတုကို အပြင်ထွက်ခွင့်တစ်ပတ်ပိတ်တယ်ဆိုကာ
ရတုရဲ့ Card နဲ့ ကားသော့ကို သိမ်းထားသောကြောင့် ရတုတစ်ယောက် မကျေမနပ်ဖြစ်သော်လဲ မွေးသဖခင်ကျေးဇူးရှင်ကို ဘာတစ်ခုမှ အထွဋ်မတက်ရဲ
တစ်ပတ်ဆိုတော့လဲ တစ်ပတ်ပေါ့ ဆိုကာ နေလိုက်တာ အခုဆို3ရက်ပင်ရှိပြီ"အား•••• အချိန်တွေကလဲကွာ အခုမှ ဘာလို့ ဒီလောက်နှေးကွေးနေရတာလဲ "
"ဟဲ့ ကောင်လေး အသံပြဲနဲ့ အော်ချင်တာတွေ လျောက်အော်မနေ နဲ့ ရော့ အိမ်ရှေ့ မျက်စောင်းထိုးက ခြံကို ဒါသွားပို့ခြေ"
ထမင်းစားခန်းထဲကနေ ဂျိုင့် ကြီး ဆွဲကာ ထွက်လာသော မာတာမိခင်
"ဘာကြီးလဲ မေမေရာ.."
"ဟဲ့ အပျင်းကြီးနေတဲ့ လေသံနဲ့ ပြောမနေ နဲ့ အုန်းနို့ခေါက်ဆွဲ ချက်ထားတာ အဲတာ အိမ်ရှေ့ အိမ်ကို လူအသစ်တွေ ပြောင်းလာကြတယ် ဆိုလို့ သွားပို့ချေ"
မေမေပြောလာတော့ ဆူဆူအောင့်အောင့်နှင့်
"ရှုပ်ရှုပ်ရှက်ရှက် မေမေရာ မေမေပဲ သွားပို့ ""ဟဲ့ ရတူသွင် ငါနှစ်ခါမခိုင်းချင်ဘူး နော် "
အဲတာတွေပဲ အဲတာတွေပဲ ဒီသားလေးတစ်ယောက်ရှိတာကို မေမေတို့ကခိုင်းမယ်ဆိုတာကြီးပဲ
"ဟုတ်ပြီ ဟုတ်ပြီ သွားပေးပေးမယ် ဟူတ်ပြီလား "
ဆူဆူအောင့်အောင့် နဲ့ ဂျိုင့်ကြီးဆွဲကာ အိမ်ရှေ့ ဖက်ကအိမ်သို့သာ ထွက်လာခဲ့လိုက်သည်ထိုအိမ်ရှေ့ရောက်တော့ Bell တီးကာ စောင့်နေလိုက်သည်
ထို့နောက် ခြံထဲမှ ပိန်ပိန်သွယ်သွယ်နဲ့ ဉီးလေးကြီး တစ်ယောက်ထွက်လာကာ
"ဘာကိစ္စရှိလို့လဲ ကောင်လေး"
"ဟိုအိမ်ရှေ့ အိမ်က မေမေက ဒီအိမ်ကို အိမ်ရှင်တွေ ပြောင်းလာကြတယ်ဆိုပြီး အုန်းနို့ခေါက်ဆွဲပို့ခိုင်းလိုက်လို့ "
ရတုလဲ ပြောတော့ ထိုဉီးလေးကြီးက
"အေးအေး..လာလာအိမ်ထဲဝင်ကောင်လေး "ရတုလဲ ခေါ်ရာနောက်ကိုသာ ဂျိုင့် လေးဆွဲ ပြီး လိုက်သွားလိုက်သည်
"အရီရေ..အရီ "
"ရှင်.အကိုကြီး "ထိုဉီးလေးကြီးကခေါ်လိုက်တော့ သူနဲ့အသက်သိပ်မကွာတဲ့ အန်တီကြီးတစ်ယောက်ထွက်လာသည်
"ဒီမှာ အရှေ့ခြံကတဲ့ အုန်းနို့ခေါက်ဆွဲလာပို့တာတဲ့ ဂျိုင့် လှယ်ပေးလိုက်ပါအုန်း "
"ဟုတ် အကိုကြီး...ကောင်လေး လာလာအိမ်ထဲဝင် ကြီးကြီး ကို ဂျိုင့်ကြီး ပေး ကြီးကြီးလှယ်ပေးမယ် "
ရတုလဲ ဂျိုင့်ကိုပေးလိုက်ကာ ဧည့်ခန်းတွင်ထိုင်ကာစောင့်နေလိုက်သည်။