"Hello. ..📞"
"ဟုတ်ကဲ့ အမိန့်ရှိပါရှင်...."
" ရွက်ဝါရေ မနက်ဖြန် ရုံးမှာအစည်းအဝေးရှိတယ်တဲ့7.30အရောက်လာခဲ့ဖို့ဂျာကြီးကငါ့ကိုပြောခိုင်းလို့ "အော် အေးပါ လာခဲ့မယ်နော်...."
" အမေ " "ဟေ!! "
"မနက်ဖြန် သမီးကိုစောစောနိုးနော် အစည်းအဝေးတက်ရမှာမိုလို့ " [အင်းအင်း!]
"သမီးလဲ ခုညစောစောအိပ်နော်"
" ဟုတ်ကဲ့ပါ အမေ😁""ရွက်ဝါ....ရွက်ဝါ....သမီး အိပ်ယာထတော့လေ ရုံးကိုစောစောသွားရမယ်ဆို"
" ဟုတ်ကဲ့အမေ ခုအိပ်ယာထပြီနော်.... "
"အမေမနက်စာပြင်ထားတယ် စားသွားဦး"
" ဟုတ်ကဲ့...အမေ ..."ရုံး...သွားနေတဲ့ ကျွန်မ လမ်းမှာကားပျက်လို့ 🚌နောက်တစ်စီးစောင့်ချိန်းပေးနေသည်။ အမလေး ရုံးနောက်ကျတော့မှာပဲ စိုးတထိတ်ထိတ်နဲ့ ဘုရားစာရွတ်ရင်း မီးပွိုင့်မမိပါစေနဲ့... မမိပါစေနဲ့....
ဆုတောင်းနေရင်းး ရုံးအပေါ်သို့ပြေးတက်သွားသည်။ ငပျင်းမလေး ကျွန်မသည် လှေကားကမတက်ပဲ ဓာတ်လှေကားနှင့် တက်ရန်စောင့်နေသည်။....ကျွန်မ...မထင်လိုက်ပဲ မတွေ့က တိုက်ခဲ့တဲ့အကိုကြီးကိုတွေ့ပြီး အံသြနေသည်။ သူကခပ်ချေချေနဲ့ ကြည့်နေသည်။ ကျွန်မက ဓာတ်လေးကားအတင်းလုစီးပြီး နောက်ဆုံးကရောက်သွားသည် ၄လွှာလေး တစ်ချက်လောက် နှိပ်ပေးပါရှင်😁😁 [ခပ်တည်တည်လေသံဖြင့်]. ...
4 လွှာသို့ ဆင်းမည် ဖြစ်တဲ့ကျွန်မ နည်းနည်းလောက်ဖယ်ပေးပါဦး ပြောရင်း အတင်းလုတိုးနေတဲ့ ကျွန်မကိုဘေးကအကိုကြီးက ထပြောလိုက်သည်။
"ရှေ့မှာဆင်းနေတာ မင်းမမြင်ဘူးလား အတင်းအသည်းအသန် ဘယ်လိုဖြစ်နေတာလဲ" ဆိုပြီး... ကျွန်မ မျက်နှာမော့ကြည့်လိုက်တော့ အော်... သူကို..
ဘာမှပြန်မပြောပဲ ထွက်လာခဲ့သည်။အခန်းထဲရောက်ပြီး မကြာဘူး ဂျာကြီးမှ လှမ်းခေါ်လို့ အကုန်လုံး သွားကြသည်။ ဒီနေ့ ခေါ်ရတဲ့အစည်းအဝေးကတော့.. .ဝန်ထမ်းအသစ်နဲ့ မိတ်ဆက်ပေးမလို့ပါ... [ကျွန်မ စိတ်ထဲကနေ ပြောလိုက်သည် ဒါလေးပြောဖို့ကို စောစောခေါ်ရသလား ဂျာကြီးရယ် အိပ်ရေးပျက်တာပေါ့😁😁] သူကတော့ တခြားသူမဟုတ်ပါဘူး ခုမှနိုင်ငံခြားကနေပြန်လာတဲ့
တို့MD ရဲ့သား marketing ဌာနကိုရောက်လာတဲ့
မောင်ဇွဲမော်ကွန်း ဖြစ်ပါတယ်။ ကျွန်မ မော့ကြည့်လိုက်တော့ ဝိုး..ကနည်းဖြစ်ပြီး 😲😲မျက်လုံးပါပြူးသွားတယ်
[အမလေး ဘယ်သူမြန်းလဲလို့ မနေ့က ငါနဲ့တိုက်ခဲ့တာ သူဌေးသားကို]""အားလုံးပဲ မဂ်လာပါ တွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ..ကျွန်တော်နာမည်က ဇွဲမော်ကွန်းပါ အားလုံးပဲ ကျွန်တော့်ကို လက်တွဲပြီးခေါ်ပေးပါဦး ကျွန်တော့်ကို အမြင်မတော်တာရှိရင်လဲ ပြောနိုင်ပါတယ်... ကျွန်တော့ကို MDတစ်ယောက်ရဲ့သားလို့ သဘောမထားပဲ ဝန်ထမ်းတစ်ယောက်လိုသဘောထားပေးပါ".
[ဂျာကြီးမှ စျေးကွက်အကြောင်းပြောပြီး ရောင်းအားကောင်းဖို့ပြောပြီး အစည်းအဝေးကိုအဆုံးသတ်လိုက်သည်။..]မိန်းမတို့ သဘာဝ [ဟဲ့....သူဌေးမသားလေးကချောလိုက်တာနော် မှုံနေတာပဲ ချစ်စရာလေး ဟိဟိ ကောင်မတွေ ညေးတို့ကလဲ မပြောချင်ဘူးနော်]
"မနေ့က ဝင်တိုက်တာ သူပေါ့ဟ..."
"ဟယ် ဟုတ်လား"
"အေး ခပ်ချေချေနဲ့ မနက်ကလဲ ဓာတ်လှေကားထဲမှာတွေ့သေးတယ် ရုပ်ကိုက😏 ငါတော့ ကြည့်ကိုမရဘူး.. ယောက်ျားလေးဖြစ်ပြီး အရမ်းစွာတာပဲ..."အဟမ်း..အဟမ်း.. နောက်မှရောက်လာတဲ့ ချောင်းဆိုးသံကြောင့် ပြောနေတာရပ်ပြီး အလုပ်ဆက်လုပ်နေကျသည်။ စျေးကွက်ပစ္စည်းထုပ်ပြီး
ကျွန်မနဲ့ သွယ်လေး ထမင်းချိုင့်ကိုင်ပြီး ရုံးအောက်သို့ဆင်းသွားခဲ့သည်။ညနေကျရင် ထပ်တင်ပေးမယ်နော် 😍😍
အားလုံးကိုအရမ်းချစ်ပါတယ် 😘😘
YOU ARE READING
ရွက်ဝါရဲ့ကောင်းကင်
Romanceဘဝကိုခက်ခက်ခဲခဲရုန်းကန်နေရတဲ့ ရွက်ဝါဟာ အချစ်ရေးကိုစိတ်မဝင်စားပဲ အလုပ်ကြိုးစားနေချိန် မထင်မှတ်ပဲ ဇွဲမော်ကွန်းဆိုတဲ့ ကောင်လေးတစ်ယောက်ကို ချစ်မိသွားပြီး အခက်အခဲတွေကြားထဲ ပျော်ရွှင်စွာ ပေါင်းဖက်ရမယ့်သူတို့အချစ်ရေး. မိဘ သဘောမတူတဲ့ကြားထဲကနေ ဖြစ်ပေါ်လာတဲ့သ...