Unicode
"Gojo! Gojo! ငါ့ကိုလွှတ်!"
ပဋိပက္ခဟာ အခန်းထဲမှာ ပြည့်နှက်နေလို့။ အမျိုးသားလေးရဲ့ မှင်ရည်လိုနက်မှောင်တဲ့ ဆံပင်တွေက ပြန့်ကျဲနေခဲ့တယ်။
"ဘာအကြောင်းနဲ့ မင်းကိုလွှတ်ရမှာလဲ... ငါ့ကို မင်း ဖမ်းထားချင်တာ မဟုတ်ဘူးလား Geto... အခုမင်းကိုငါ ဖမ်းထားတယ်လေ ရလာဒ်က အတူတူပဲ မဟုတ်ဘူးလား"
"ဘယ်ဟာက တူလို့လဲ!"
"ငါတို့နီးနီးကပ်ကပ်ရှိနေကြတယ်လေ"
နှင်းလိုဖြူတဲ့ဆံပင်တွေနဲ့ အုပ်ထားခြင်းမရှိတော့တဲ့ မျက်လုံးပြာတွေ။ သူ ကိုက်လွှတ်ထားတာကြောင့် ကွဲပေါက်နေတဲ့ အောက်နှုတ်ခမ်းက သွေးစစရယ်။
အခန်းကျဉ်းလေးဟာ သွေးနံ့တောင် လှိုင်ချင်နေသေးရဲ့။ ယစ်မူးဖွယ်ပါပဲ။ ဒီအခန်းကျဉ်းလေးမှာ သူတို့ရဲ့ ရနံ့တွေ လှိုင်လှိုင်ထနေခဲ့တယ်။
"ငါက Geto မဟုတ်တော့တာကို မင်း သိနေပြီးသား မဟုတ်ဘူးလား! မင်းမြင်နေသမျှ မင်းရဲ့ဆဌမအာရုံက ငါဆိုတာ သိနေပေမဲ့ ငါမဟုတ်ဘူးလို့ မင်းဝိညာဉ်က သိနေတယ်လို့ မင်း ပြောခဲ့တာ မဟုတ်ဘူးလား! ဘာလို့ ငါ့ကို အခုလို လုပ်ရတာလဲ"
"ဒါကို မင်းအသိဆုံးပဲ ဖြစ်ရမှာမဟုတ်ဘူးလား"
အဝတ်မဲ့ခန္ဓာကိုယ်မှာ အမှတ်အသားတွေ အများအပြားနဲ့။ ဆံပင်ရှည်နဲ့သားကောင်လေးက သူ့ရဲ့ မုဆိုးကို ကြည့်တယ်။
"Geto..."
သူ့ခန္ဓာကိုယ်ဟာ ထွေးဖက်ခံလိုက်ရတယ်။ တင်းတင်းကြပ်ကြပ်နဲ့။ Gojo ရဲ့ ဝမ်းနည်းခြင်းတွေကို သူ ခံစားလို့ရတယ်။
"ငါနောက်ကျခဲ့တာလား"
နာကျင်နေတဲ့ အသံကို သူ ခံစားပေးလို့ရတယ်။ ဒါပေမဲ့ သူဟာ Gojo ရှာဖွေနေတဲ့ Geto ဆိုတဲ့ ကောင်လေးတစ်ယောက်မှမဟုတ်တော့ဘဲ။
"မင်း ဖြေစရာမလိုပါဘူး... ငါနောက်ကျခဲ့တာ အဲဒီနေ့ကတည်းကပါ..."
သူ့ခန္ဓာကိုယ်ထဲကို တစ်ဖက်လူရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းက တိုးဝင်လာတယ်။ ခန္ဓာချင်းရင်းနှီးမှုဟာ ဒီရက်ထဲမရေတွက်နိုင်အောင်ဘဲ။ Gojo ကို ချုပ်နှောင်ထားမဲ့ အကြံအစည်က သူ့ရဲ့ မှားယွင်းသွားမှုလား။