Unicode
အစကတော့ သူက တခြားလူတစ်ယောက်ကို သဘောကျခဲ့တာပဲ။ ဒါပေမဲ့ ဘယ်အချိန်ကစပြီး သူ့မျက်လုံးတွေက သဘောကျနေတဲ့ လူမဟုတ်တဲ့ နောက်လူတစ်ယောက်ကို လိုက်ကြည့်နေမိမှန်းမသိခဲ့ဘူး။
"Shishio... ကျွန်တော် ဒါတွေရွှေ့လိုက်မယ်နော်"
"အင်း Mob kun လုပ်လိုက်ပါဦး"
ကွန်ပျူတာကနေအကြည့်မခွာတဲ့ ဆရာဖြစ်သူကို သူ အကြာကြီးစိုက်ကြည့်နေမိတယ်။ သတိမပြုမိခင်မှာ အရာရာက မထူးခြားခဲ့ပေမဲ့ သတိပြုမိသွားတဲ့အချိန်မှာတော့ အရာရာက တစ်မျိုးပြောင်းလဲလာတယ်။
ဆေးလိပ်နံ့တွေ၊ ပျင်းရိတတ်မှုတွေ၊ ရှုပ်ပွနေအောင်နေတတ်တဲ့ လူကြီးတစ်ယောက်ရဲ့ဘဝနေ့ရက်တွေ။ သေသပ်အောင်ဝတ်ဆင်ထားတတ်တဲ့ သူ့ရဲ့ ဒီလူလိမ်ဆရာက မျက်ကွယ်မှာ ဘယ်လောက်ထိ ဗရမ်းဗတာနိုင်လဲဆိုတာကို သူကောင်းကောင်းသိတယ်။ တစ်ယောက်ယောက်က သူ့ကိုမကြည့်ဘဲ နေလို့ကိုမရဘူး။
"Mob?"
ကွန်ပျူတာကြည့်ရင်းဆေးလိပ်သောက်နေတဲ့ Reigen က သူ့ကိုလှမ်းခေါ်တယ်။ လေထဲမှာတော့ ဆေးလိပ်လေးက မြောက်တက်နေလို့ပေါ့။ ဘောလောမြောနေတဲ့ ဆေးလိပ်လေးက ရွေ့သွားပြီးတော့ ပြာခွက်ထဲမှာ မီးသတ်တာခံလိုက်ရရှာတယ်။
"Shishio... ဆေးလိပ်အများကြီးသောက်တာ ကျန်းမာရေးအတွက်မကောင်းဘူး"
"မင်းနဲ့ဘာဆိုင်လို့လဲ"
လူလိမ်ဆရာက သူကြီးလာတဲ့အချိန်မှာ အရင်လို မကြင်နာတော့ဘူး။ အထက်တန်းကျောင်းသားအရွယ်ဆိုပေမဲ့ သူ့ရဲ့အရပ်က Reigen ထက် နည်းနည်းလေး ရှည်ချင်နေပြီ တက္ကသိုလ်တက်ရမယ်ဆိုရင် သူ့အရပ်က လူလိမ်ဆရာထက် သိသိသာသာ ရှည်နေတော့မှာပဲ။ ဒီအတွေးက သူ့မျက်နှာမှာ ခပ်ဖျော့ဖျော့အပြုံးကို ဖြစ်စေတယ်။
"မင်း ကျူရှင်မတက်ဘူးလား ဘာလို့ ဒီကိုလာနေသေးတာလဲ"
"ကျွန်တော်မလာရင် Shishio တစ်ယောက်တည်း ဖြစ်နေမှာပေါ့"
"မဖြစ်ပါဘူး"
"Reigen san~"
"Oi Dimple..."