သူ၏ နေကြာ (Normal)

327 27 0
                                    

"ဟေး ကိုကြီးသေးသေးလေး"

ကျွန်မအသံကို ကြားတာနဲ့ လှစ်ခနဲ ပြေးပါပြီ။ အဲ့ဒီကိုကြီးကလေ တကယ် ချစ်စရာ။ အဲ့တာကြောင့်လည်း ကျွန်မက အချစ်ပိုရသည်လေ။

ကျွန်မ သူ့ကို ဟိုးအရင်ကတည်းက သတိထားမိတာ။
သူက ပန်းခြံထဲမှာ ပန်းချီဆွဲတယ်။ ကျွန်မအိမ်က အဲ့ပန်းခြံရဲ့ ရှေ့တည့်တည့်က အိမ်ဆိုတော့ ငေးလို့အတော်ကောင်းပါ့။

T Shirt အဖြူနဲ့ ပုဆိုးအကွက်စိပ်စိပ်ကလေးကို ရိုးရိုးလေးတွဲ၀တ်တတ်တဲ့ ကိုကြီးက ကျွန်မtype မဟုတ်ပေမဲ့ ကျွန်မ ဘယ်လိုချစ်မိသွားမှန်းမသိပါဘူး။ ဆံပင်ခပ်အုပ်အုပ်ကလေးကို မွှေးနမ်းချင်စိတ်ဟာ မိန်းကလေးတန်မဲ့ပဲဆိုဆို...။

"ကိုကြီးပိစိလေး"
သောက်လက်စ လက်ဖက်ရည်ခွက်ကို ကြောင်တောင်တောင်နဲ့ ကိုင်ရင်း ထိုင်နေရာက ထပြေးဖို့လုပ်တဲ့ ကိုကြီးလက်ကို ကျွန်မအမှီဆွဲထားပေလို့သာပေါ့။

"ဘယ်နှယ့် လက်ဖက်ရည်ဆိုင်ထဲမှာတောင် ထွက်ပြေးမလို့လား"
ကျွန်မ ဆူပုတ်ပုတ်နဲ့ မျက်မှောင်ကြုတ်ရင်း ပြောတော့ သူက သက်ပြင်းတစ်ချက်ချပြီး ပြန်ထိုင်တယ်။

"မင်းအသံကြားတာနဲ့ ထွက်ပြေးတတ်တာ ကိုယ့်ခြေထောက်တွေ အကျင့်လို ဖြစ်နေပြီ"
သူကလည်း ပြန်ပြီးဆူပုတ်ပါရဲ့။ နှုတ်ခမ်းပါးပန်းနုရောင်လေးက မသိမသာလေး ဆူထွက်နေတော့ ကျွန်မအသည်းယားပြီး ဆွဲမွချင်စိတ်တောင် ပေါက်တယ်။

"ထွက်မပြေးပါနဲ့ ကိုက်မစားပါဘူးရော"

"ကိုက်သာ မစားပေလို့ပဲ စိုက်ကြည့်နေတာ ပြာကျတော့မယ်"
လက်ဖက်ရည်တစ်ငုံသောက်ပြီး ကျွန်မကို ရန်တွေ့နေတာများ ချစ်စရာလေး။

"ကိုကြီး အူကြူးလေးးး"
ကျွန်မက မေးထောက်ရင်း ဆွဲဆွဲငင်ငင်ခေါ်လိုက်တော့ သူက အကြော်ငုံ့စားနေရာက မျက်လုံးလှန်ကြည့်တယ်။

"မင်းထက် လူကောင်လည်းကြီး အသက်လည်းကြီးတယ်နော် မင်းသာ ကလေးပေါက်စ"
ဟုတ်ပါရဲ့။ ကိုကြီးက ကျွန်မထက် အရပ်လည်းမြင့်ပါရဲ့နဲ့ ကျွန်မက သူ့ကို အကောင်ပေါက်လေးလို အသည်းယားနေတော့တာပဲ။ ချစ်မိသွားရင် မျက်လုံးထဲ သေးသေးလေး လို့ပဲ မြင်နေတော့တာများလား။

You've reached the end of published parts.

⏰ Last updated: Jun 21, 2021 ⏰

Add this story to your Library to get notified about new parts!

3AM ThoughtsWhere stories live. Discover now