ဝဠာကမ္ဘာတည် - အပိုင်း(၃)

7 4 4
                                    

Unicode

         မြို့ပြ၏အစွန်  မြင့်မားလှသောအုတ်တံတိုင်းနှင့်ကာရံထားသည့်   ခြံဝန်းကျယ်ကြီးထဲတွင်   ခမ်းနားလှသော ကိုလိုနီခေတ်လက်ရာအဆောက်အဦးကြီးတစ်ခု ထီးထီးကြီးတည်ရှိနေသည် ။ အဆောက်အအုံ၏  ဒုတိယထပ် ဝရံတာတွင်တော့  ငွေရောင်ဆံပင်လှိုင်းတွန့်ရှည်များနဲ့ အမျိုးသားငယ်တစ်ဦး ဝရံတာကို ကျောမှီရပ်၍နေသည်။အနက်ရောင်ပိုးသား   shirt အကျီလက်ရှည်ကို ရင်ဘက်တစ်ဝက်အထိပေါ်အောင်  ကြယ်သီးဖြုတ်ဝတ်ပြီး အနက်ရောင် style pantနဲ့တွဲဝတ်ခြင်းဟာ အမျိုးသားငယ်ရဲ့ ပုံသေ fashion တစ်ခု ။ လက်ထဲတွင်တော့ ဝိုင်ဟုထင်ရသော အနီရောင်အရည်များနဲ့ ဖန်ခွက် ။အမျိုးသားငယ်၏အတွေးများမှာတော့အကြိမ်ပေါင်းများစွာ လွမ်းဆွတ်တမ်းတခဲ့ရသော အတိတ်တစ်ခုဆီသို့ ခရီးနှင်လျက် ..........။
                                                           

" သားပိုင် "

ဟူသောခေါ်သံတစ်ခုက အမျိုးသားငယ်ကို အတိတ်၏နာကျင်မှုတွေကနေ ဆွဲထုတ်လိုက်သည် ။နာကျင်မှုရယ်လို့လဲမဆိုနိုင် သူဟာအတိတ်တွေမှာသိပ်ပျော်ရွှင်ဖူးခဲ့တာပဲမဟုတ်လား? ဘယ်လိုပဲဖြစ်ဖြစ် ပြန်တွေးမိတိုင်း အတိတ်တွေဟာ  လတ်ဆတ်ဆဲဒဏ်ရာတွေလို သေအံ့ဆဲဆဲ    နာကျင်မှုတွေကိုပေးစမြဲပင် ။

" ပြောပါ လေးငွေ "

လှည့်ကြည့်လာတဲ့မျက်ဝန်းတွေဟာ  ကောင်းကင်နှင့်အပြိုင်  မှိုင်းညှို့လျက် ။

" သားပိုင် မနက်ဖြန်ရော ဘယ်ကိုခရီးသွားမှာလဲ သား ?"

"ကျွန်တော်လည်းသေချာမသိတော့ဘူး လေးငွေ "

ခေါင်းကိုငုံ့ထားရင်း  အားမရှိစလို တိုးညှင်းညှင်းထွက်လာသော လေသံဟာ လေးငွေကို သက်ပြင်းပူပူတစ်ချက်  ချစေသည် ။

      ဒီကလေးကိုတော့ သူတကယ်ပြန်ပြီးပျော်ရွှင်စေချင်လှပါပြီ။ တစ်ချိန်တုန်းက ဖခင်နဲ့ကွဲပြားစွာ နူးညံ့တဲ့နှလုံးသား ၊ နှစ်လိုဖွယ်အပြုံးလေးပိုင်ဆိုင်ထားတဲ့တူလေးဟာ အခုတော့ ဒီလောကသားတွေအားလုံး ကြောက်ရွံရတဲ့ သွေးအေးရက်စက်သူ" အရှင်တည်ဝဠာပိုင်" ဆိုတဲ့ ပြယုတ်တစ်ခုနဲ့အတူဖြစ်တည်နေပြီ ။ သားပိုင်ရဲ့မျက်နှာမှာ အပြုံးဆိုတာမရှိတော့တာ ရာစုနှစ်တစ်ခုပြည့်တော့မယ် ။

ဝဠာကမ္ဘာတည် Where stories live. Discover now