ဝဠာကမ္ဘာတည် - အပိုင်း(၁၁)

3 2 8
                                    


Unicode

         တစ်ပတ်ခန့်ဇွဲအိမ်တွင် ကြီးကြီးချက်ကျွေးသည်များကိုစားပြီး အားရပါးရအနားယူပြီးနောက် ကမ္ဘာတို့ အလုပ်လုပ်ဖို့ဆုံးဖြတ်လိုက်သည် ။ မြန်မာအစားအစာမျိုးစုံရသော ညစျေးတန်းကို ဇွဲကညွှန်းဆိုလေသောအခါ သူငယ်ချင်းနှစ်ယောက် camera တစ်ယောက်တစ်လုံးကိုင်ပြီး ညစျေးတန်းရှိရာဦးတည်လာခဲ့သည် ။

           မှန််ချထားတဲ့ကားလေးထဲမှာ ကမ္ဘာ့ဆီက စတော်ဘယ်ရီရေမွှေးနံ့လေးဟာ သင်းပျံ့လို့နေတယ် ။ကမ္ဘာက အနံ့တွေကို sensative ဖြစ်လွန်းတော့ အနံ့ပြင်းပြင်းတွေ သုံးလေ့မရှိ ။ ဇွဲဟာ ချိုအီမွှေးနေသော ရနံကြောင့်နေရခတ်လာသဖြင့် ရေဒီယိုကိုဖွင့်လိုက်တယ် ။ နှစ်အနည်းငယ်ကြာနေပြီဖြစ်သော ဒီသီချင်း ။ ဇွဲ နေ့တိုင်းတိုးတိုးညည်းဖြစ်တဲ့ ဒီသီချင်း။ ဇွဲက ဘေးတွင်ငြိမ်ငြိမ်လေးထိုင်နေသော ကမ္ဘာ့ကိုလှည့်ကြည့်လိုက်တယ် ။ အပြင်ဘက်ကိုပဲငေးနေတဲ့ သူ့ရဲ့ကမ္ဘာလေးကို ပြုံးပြီးကြည့်လိုက်ပြီးမှ  သီချင်းကို တိုးတိုးလေး လိုက်ညည်းဖြစ်တယ် ။ အဆိုတော်ညဏ်လင်းအောင်ရဲ့
" သူငယ်ချင်း "

မင်းအနားမှာ အမြဲနေချင်တယ်
မင်းရဲ့ပုံရိပ်လေးပဲတမ်းတဆဲ
သူငယ်ချင်းလို့ပြောနေပေမဲ့
ငါ့ရင်ထဲကချစ်နေဆဲ
အဆိုးဆုံးတွေကိုလဲ မြင်နေတယ်
ဝေးရမှာ ကြိုသိတဲ့ ငါ့ရင်ထဲ
သူငယ်ချင်းလို့ပြောနေပေမဲ့
အမြဲ ...ငါ့ရင်ထဲကချစ်နေဆဲ

နောက်ဆုံးစာသားအရောက်မှာ မျက်ဝန်းအစုံကို စက္ကန့်သုံးခုစာ မှိတ်ထားမိတယ် ။ ဇွဲမျက်လုံးဖွင့်ကြည့်ချိန်မှာ ကမ္ဘာ၏မျက်ဝန်းဝိုင်းတွေနဲ့ ဆုံလေသည် ။

ချစ်တယ်

စိတ်ထဲကပဲပြောမိတဲ့စကားတစ်ခွန်း...။

" မင်းက သီချင်းဆိုကောင်းတယ် "

တစ်ခွန်းထဲပြောပြီး ဟိုဘက်ပြန်လှည့်သွားသည့် ကမ္ဘာ့ကို ဇွဲမြတ်နိုးရပါသည်။

       ညအချိန်ဖြစ်သော်လည်း ကားများရှုပ်နေဆဲဖြစ်သော ကားလမ်းမထက်တွင် မီးရောင်စုံများက ရောင်စုံခြယ်ပန်းချီကားတစ်ချပ်အလား ။  လမ်းမဘေးပလက်ဖောင်းတွင်တော့ စျေးဆိုင်တန်းများကိုတွေ့ရပေမည် ။

ဝဠာကမ္ဘာတည် Where stories live. Discover now