Episode ( 1 )

180 21 2
                                    

Zawgyi

" ခလွမ် !!! . . . "

မနက်စောစော ဘယ်ကလာမှန်းမသိတဲ့ ကျယ်လောင်သံ တစ်ခုကြောင့် Mix တစ်ယောက် မထချင် ထချင် နဲ့ပဲ နိုးထလာရသည် ။

နိုးနိုးချင်း ကြားလိုက်ရတဲ့ဆူညံသံတစ်ချို့ကြောင့်လည်း မျက်လုံးလေးပွတ်ခါ ခန်းစည်းလေးကိုလှပ်ကြည့်လိုက်တော့
နှစ်ပေါင်းများစွာ ငြိမ်သက်တိတ်ဆိတ်ကာ အသက်မဲ့နေခဲ့တဲ့ ဘေးအိမ်က ကားသံလူသံတွေနဲ့ လှုပ်လှုပ်ရှားရှား အသက်ဝင်လာခြင်းပင်ဖြစ်သည်။
Mix လည်း အိပ်မက်လား လက်တွေ့လား သေချာအောင် မျက်လုံးလေးပွတ်ကာပြူးပြီး အချိန်အတန်ကြာ ကြည့်နေမိသည် ဟုတ်ပါတယ် သူထင်သလို အိပ်မက် ဟုတ်မနေခဲ့ပါဘူး

" တကယ်ကြီးလား ! ! ! "

ခုချိန်ထိမယုံကြည်နိုင်စွာ ခပ်တွေတွေလေးပဲ ဘေးအိမ်က ပစ္စည်းတွေ သယ် ချ နေတဲ့ ဦးလေးကြီးတွေရဲ့ လှုပ်ရှားမှုတွေကို မျက်တောင်မခက်တန်းငေးကြည့်နေမိသည်။

" ဒီး. . . ! ! ! ဒီး. . .!!! ဒီ . . . "

Mix phone vibrating သံ ကြားမှ သတိဝင်ကာ ဖုန်းကိုင်လိုက်တော့ . . .

" Hello Mix မင်း သိပြီးပြီလား L'Earth ပြန်ရောက်နေတာကို "

" Omm. . .ခုပဲသိတာ သူ့အိမ်က ပစ္စည်း ရွှေ့တဲ့ အသံတွေကြောင့် ငါနိုးလာတာ "

" ငါလည်း မနက်စာ စားရင်းနဲ့မှ Mae ပြောလို့သိတာ
မင်းOkay ရဲ့လား "

" Okay ပါတယ် ငါ ဘာမှမဖြစ်ပါဘူး "

" အဲ့ဒါဆို . . . ဒီနေ့လည်း ငါ ပဲ မင်းကို လာခေါ်မယ်လေ မင်းပြင်ဆင်ထားတော့ "

" Omm . . ."

" အဲ့ဒါဆို ဒါပဲနော် "

" Omm . . . ခဏနေမှတွေ့မယ် "

ကျွန်တော် ဖုန်းချပြီး ရေမိုးချိုးဖြီးလိမ်းပြင်ဆင်ပြီး ခဏနေတော့ Pondရဲ့ ကားဟွန်းသံ ကိုကြားရတယ်

Pond က L'Earthရဲ့တူ ဝမ်းကွဲ ကျွန်တော့ရဲ့ ငယ်သူငယ်ချင်း အရင်းကြီးဆိုလည်း မမှားပါဘူး

ဦး ရဲ့ အကြည်ဓာတ်လေးWhere stories live. Discover now