သခင့်ဆီအပြေးပြန်လာမည် (Zawgyi and Unicode)

2.4K 39 2
                                    

Unicode

[၁၈ နှစ်မပြည့်သူများဖတ်ရှုရန်မသင့်တော်ပါ]

ဒီနေ့သခင့်ရဲ့ ခြေချောင်းလေးတွေကို နမ်းနေရတာက အရင်နေ့ကထက် ပိုပြီး သာယာဖို့ ကောင်းနေသလိုပဲ။ သခင့်ရဲ့ ခြေထောက်လေးတွေက ပုံမှန်ထက်ပိုပြီး ပန်းရောင်သမ်းနေသလိုလို။ ငယ်ငယ်က စုပ်နေကျ ချိုချဉ်လေးလို၊ သခင့်ခြေထောက်တွေက ကျွန်တော့်အတွက် ခယ၀ပ်တွားချင်မိစရာ ကောင်းလောက်အောင် အရမ်းကြည်ညိုဖို့ ကောင်းနေလေရဲ့။ ကျွန်တော်အိပ်မက်က နိုးလာတော့ သခင်ကမရှိတော့ဘူး။ ထိပ်ထိပ်ပြာပြာနဲ့လေ သခင့်ကို ရှာနေခဲ့မိတယ်။
"Love me like you do, love love love me like you do"
ရုတ်တရက်မြည်လာတဲ့ ဖုန်း ringtone သံကြောင့် သခင်များလားဆိုတဲ့ အသိနဲ့ ဖုန်းကို အမြန်ဆိုသလို ကောက်ကိုင်လိုက်တယ်။
"ဟဲလို ကောင်းခန့်မင်းဇင်လား"
တစ်ဖက်က ကျွန်တော့်နာမည်ကို အပြည့်အစုံကြီး ခေါ်လိုက်တော့ ကျွန်တော်ရုတ်တရက်ဆိုသလိုလန့်သွားမိပြီး ထိတ်ထိတ်ပြာပြာနဲ့ပဲ ပြန်ဖြေလိုက်မိတယ်။
"ဟုတ် .. ဟုတ်ပါတယ်"
"ဘာလဲ ... မင်း မနေ့ညက သော်ခန့် နဲ့ အတူရှိနေခဲ့တယ်လို့ မင်းထင်နေတာလား"
တစ်ဖက်က အသံကို ကျွန်တော်ကြားမိတော့ ရုတ်တရက်တော့ အံ့ဩသွားမိတယ်။ သခင်နဲ့ ကျွန်တော် မနေ့ညက အတူရှိနေတယ်ဆိုတာ သူဘယ်လိုလုပ်သိတာပါလိမ့်။ ကျွန်တော်ဘာမှ မဖြေသေးပဲ သူ့ဖုန်းနံပါတ်ကို ကြည့်လိုက်မိတော့ ဖုန်းနံပါတ်က တစ်ခါမှ မသိဖူးတဲ့ နံပါတ်စိမ်းပါ။ ဒါနဲ့ ကျွန်တော်လည်း ရှက်ကိုးရှက်ကန်းဖြစ်သွားမိတယ်။ ကျွန်တော်က သခင့်ရဲ့ ကျေးကျွန်ဖြစ်တယ်ဆိုတာကို တစ်ဖက်လူများ သိသွားလေရော့မလား။

"ခင် .. ခင်ဗျားဘယ်သူလဲ"
"သော်ခန့်က လောကကြီးထဲက ရုတ်တရက်ပျောက်သွားခဲ့တာ ၂ ပတ်လောက်ရှိပြီ ပတ်၀န်းကျင်ကတော့ လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အမြန်လမ်းမှာ ကားမှောက်ပြီး မီးကျွမ်းသေတဲ့ အလောင်းထဲမှာ သော်ခန့်ပါသွားတယ်လို့ ယူဆနေကြတယ်.."
"ဗျာ.. မဖြစ်နိုင်တာ အရင်နေ့ညကထိ ‌သခင်.. အဲလေ သော်ခန့်နဲ့ ကျွန်တော်က အတူတူရှိနေခဲ့ကြတာ ..  ဒါနဲ့ ခင်ဗျားက မနေ့ညက ကျွန်တော်နဲ့ သူအတူရှိနေတယ်လို့ ဘာလို့ထင်နေရတာလဲ..."
"အော် ... ဒီအမှုနဲ့ ပတ်သတ်ပြီး ရဲစခန်းက သေမှုသေခင်းနဲ့ အမှုဖွင့်ပြီး စစ်ဆေးမှုတွေလုပ်နေတာ.. သော်ခန့်မှာက လျှို့ဝှက်ပတ်သတ်နေရသူက မင်းပဲတဲ့... မင်းအခုနေနေတဲ့ တိုက်ခန်းကို စုံစမ်းကြည့်တော့လည်း မင်းဘေးအခန်းကလူတွေက မင်းက လူမရှိပဲ တစ်ယောက်တည်း စကားတွေပြောလိုက်... သော်ခန့်နာမည်ကို ခေါ်ရင်း ရယ်လိုက်ပြုံးလိုက်နဲ့ လွန်ခဲ့တဲ့ ၂ ပတ်ကတည်းကပဲတဲ့... ပြီးတော့ အဲဒီ ခရီးမှာ သော်ခန့်က မင်းနဲ့အတူတူ ကားလက်မှတ်ဖြတ်ခဲ့တာဆို"

သခင့်ဆီအပြေးပြန်လာမည် (18 plus) Zawgyi and UnicodeWhere stories live. Discover now