~1~

766 22 11
                                    

                           ဆုံတွေ့ခြင်း
                          ***********

ညဥ့်ကောင်းကင်ပေါ်မှာ ထိန်ထိန်သာတဲ့ လမင်းကြီးနဲ့ သူ့အဖော် ကြယ်လေးတွေကို ငေးကြည့်နေတဲ့ ကောင်လေး ရှင်းဆက်သာ.....

ကြော့ရှင်းတဲ့လည်တိုင် ဖွေးနုတဲ့အသားအရည် အဖေရဲ့ အပြာရောင်မျက်ဝန်းနဲ့ အမေ့ရဲ့ သွားတက်ကလေးတွေကိုပါ အမွေရထားပေ၏။ ပြုံးလိုက်ရင် ပေါ်လာတတ်တဲ့ ညာဘက်က ပါးချိုင့်လေးကတော့ သူ့မူပိုင်ပေါ့။ မိန်းကလေးပင်ရှုံးလောက်အောင် လှလွန်းသူ.. တစ်နည်း သာမန်ယောကျ်ားလေးလောက်ကတော့ သူ့ကိုမမှီနိုင်။ ပန်းနုရောင်လွှမ်းနေတဲ့ နှုတ်ခမ်းပါးနှစ်လွှာကို ဖွင့်ကာရီလိုက်တိုင်း နှစ်ခါပြန်ငေးရလောက်အောင် အပြစ်ပြောစရာဟူ၍ မရှိသောသူသည် ...ယခုတွင် မျက်နှာထက်၌ စိုးရိမ်ပူပန်မှု၊ လွမ်းဆွတ်မှုတို့က ရောနှောကာ ဖုံးနေပေ၏။

"သာသာ မအိပ်သေးဘူးလား သား"

"ဟုတ် မေ အခုအိပ်မှာ"

"ပြူတင်းပေါက်ကိုပိတ် စောင်သေချာခြုံနော်သား"

"ဟုတ်....မေ"

ဆက်သာ ပြတင်းပေါက်ကို ပိတ်လိုက်ပြီး ကုတင်ပေါ်တက်လာခဲ့သည်။ အိပ်ဖို့ကြိုးစားပေမယ့် တွေးလက်စအတွေးတို့က ဝင်ဝင်လာပေ၏။

"ကိုခန့်...အဆင်မှပြေရဲ့လားဗျာ"

အကြောင်းအရင်းကို ရှာရလျှင်မူ အတိတ်သို့ပြန်သွားရပေလိမ့်မည်။

**********************

1995ခုနှစ်၊ ဒီဇင်ဘာလ၊ ၉ရက်နေ့

ပြည့်ဝန်းနေသော လမင်း၏အလင်းရောင်ကြောင့် မိုးတစ်ဖြိုက်နှစ်ဖြိုက်ရွာ၍ စိမ်းစိုနေသော မြက်ခင်းပြင်တွင် ရေစက်လေးများကို အထင်းသားမြင်နေရ၏။ ဦးတိမ်မန်ဦးကမူ ထိုသဘာဝတရားကို ရှုစားမနေနိုင်။ မွေးခန်းထဲမှ ထွက်လာသော nurse၏ ခေါ်သံကိုကြားမှ အင်္ဂုလိမာလသုတ် ရွတ်နေခြင်းကိုရပ်ကာ အပြေးသွားလေတော့၏။

"သားလေး မွေးပါတယ်ဆရာ"

"ဗျာ...ကျေးဇူးပါဗျာ မိခင်ရော ဘယ်လိုအနေရှိလဲခင်ဗျာ"

မေတ္တာဓာတ်ဖြင့် လွှမ်းခြုံထားသော / မေတ္တာဓာတ်ဖြင့် လွှမ်းခြုံထားသောWhere stories live. Discover now