~9~

120 4 0
                                    

လောင်းကြေး
************

အငယ်အတွက်မွေးနေ့ပွဲကို ညဘက်မှသာ လုပ်ဖြစ်သည်။ တစ်နေကုန် လျှောက်သွားနေကြတာတောင် အငယ်ဟာ ပင်ပန်းနေပုံမရှိ။ သူ့မွေးနေ့ဆိုသည့်အသိနှင့် တက်ကြွနေသည်။ မွေးနေ့ပွဲကို အသိတွေသာဖိတ်တာကြောင့် လူအနည်းငယ်သာရှိသည်။

"Happy Birthday ပါ Ray ရော့ဒီမှာ Present"

"ဟာ ခွန်းနောင် နှစ်ယောက်ပေါင်းပေးတာလား ဟွန့် ကပ်စေးနှဲတွေ"

"အမလေးဗျာ ဖွင့်ကြည့်ပြီးမှပြောပါ ပြီးတော့ သူက သူ့ဖာသာသပ်သပ်ပေးမှာ ငါသူနဲ့ရန်ဖြစ်ထားတယ်"

တော်တော်လဲ ရန်ဖြစ်နိုင်ကြတဲ့အတွဲ။ ‌မနေ့တစ်နေ့ကမှ သူတို့ပြန်တည့်တာ အခုထပ်ရန်ဖြစ်ပြန်သည်။

"ရန်ကလဲ ဖြစ်လည်းဖြစ်နိုင်ကြတယ်နော် ဘယ်မလဲ ဘုန်းပိုင်"

"ဘယ်သိမှာလဲ အတူလာတာမှ မဟုတ်တာ"

"ဆက်သာ ငါရောက်ပြီ ငါဒီမှာ"

ဘုန်းပိုင်က ခြံဝကနေ ဒူးနှစ်ဖက်ပေါ်လက်တင်ရင်း အမောဖြေကာ ဆက်သာကို လှမ်းပြောလာသည်။

"အေးမြန်မြန်လာ Cake ခွဲတော့မယ်"

"လာပြီ"

Birthday Song ဆိုနေတဲ့အချိန် မျက်လုံးမှတ်ထားတဲ့ အငယ်က အူးယားစရာလေး အသက်က အခုမှ18ပြည့်ပေမယ့် အရပ်ကတော့ 10တန်းနှစ်စထဲက ထွက်မလာတော့တာမို့ 5ပေကျော်အရပ်ဟာ ကျွန်တော်နဲ့ယှဥ်ရင် ပုပုသေးသေး။

ထုံးစံအတိုင်း အဘွားရယ် အဖေနဲ့အမေရယ်ကိုကျွေးပြီးတော့ ကိုယ့်ဘက်လှည့်ကာ ခွံ့လာသည်။ ဇွန်းကိုင်ထားတဲ့ လက်သေးသေးကို ထပ်လျက်ကိုင်ပြီး ငုံ့စားလိုက်တော့ မီးရောင်အောက်မှာဖြူဖြူဖွေးဖွေးမျက်နှာလေးဟာ ရဲတက်လာသည်။ မလုံသလို အဖေတို့ကို လှည့်ကြည့်တာမို့ ကိုယ်မရယ်မိအောင်ထိန်းထားတဲ့ကြားက အသံထွက်သွားသေးသည်။

"Sorry အငယ်"

တောင်းပန်ခြင်းအတွက် ပြန်ရလိုက်တာက ချစ်ရသူရဲ့ မျက်စောင်းနုနု။

‌မြတ်နိုးကတော့ ခေါင်းတရမ်းရမ်းနှင့် နေရမှာတင် အငွေ့ပျံချင်နေဖွယ်။

မေတ္တာဓာတ်ဖြင့် လွှမ်းခြုံထားသော / မေတ္တာဓာတ်ဖြင့် လွှမ်းခြုံထားသောWhere stories live. Discover now