တင်းတောင်
အော် plan ဘာလာလုပ်တာလဲ
ဒီကောင်mean လေ
မင်းဆီသွားကြမယ် ပြောလို့
လာလေ
အမယ် perth ဟင်းတွေဘာတွေနဲ့ပါလား
အင်း saintလာချက်ပေးသွားတာ
saint ဆိုတာက မင်းကြိုက်နေတဲ့တယောက်ရဲ့ သူငယ်ချင်းလား
အင်း
မင်းကံကလဲနော် ကိုယ်ကြိုက်နေတာက တယောက် ချစ်သူဖြစ်သွားတာက တယောက် ဟုတ်နေတာပဲ
အင်း ဒါမဲ့ ငါချစ်တဲ့သူကလဲ သူ့မှာ ချစ်တဲ့သူရှိတယ် ငါနောက်ကျသွားခဲ့တယ်
ငါမသိလို့မေးပါဦးမယ် မင်းက ဘယ်လိုဖြစ်လို့saintနဲ့တွဲလိုက်တာလဲ မင်းလဲ မချစ်ပဲနဲ့
သူ ငါ့ကို လာဖွင့်ပြောတုန်းက ငါငြင်းမလို့ ဒါမဲ့basက သူချစ်တဲ့သူနဲ့ပျော်ရွှင်နေတယ် ငါနောက်ကျသွားပီမှန်းသိလိုက်ရတယ် ဒါကြောင့် သူ့အချစ်ကို မပိုင်ရပေမဲ့ သူ့အနားမှာ အနီးကပ်နေပီး ဂရုစိုက်ချင်တယ် အာ့ကြောင့် ငါ saintနဲ့တွဲလိုက်တာ
ဒါမဲ့ saintက မင်းကို တကယ်ချစ်တဲ့ပုံနော်
အင်း ဟုတ်တယ် သူငါ့ကိုအရမ်းချစ်တာ သိတော့ ငါအားနာမိတယ်
အေးပါ နောက်တော့ အားလုံးအဆင်ပြေသွားမှာပါ saintလဲ မင်းကို နားလည်မှာပါ
saintတယောက်ဖုန်း ကျန်ခဲ့လို့ perthဆီ ပြန်လာခဲ့တယ်
ငါ password ကိုမှတ်မိသလို ပဲ နှိပ်ကြည့်ရင်ကောင်းမယ် နှိပ်မလို့ရွယ်လိုက်တော့ တံခါးစေ့ထားမှန်းသိလိုက်တယ် တံခါးကိုဖွင့်လိုက်မိတော့ perthသူငယ်ချင်းတွေရောက်နေတာတွေ့လိုက်တော့ မဝင်ချင်တော့လို့ ပြန်ထွက်ခံနီးမှာ ကြားလိုက်ရတဲ့စကားကြောင့် အံ့သြမိသွားတယ် မထင်မှတ်ပဲ ဆက်နားထောင်မိတော့ ငိုမိတော့မှာမို့ အောက်ကိုပဲ ဆင်းလာခဲ့လိုက်တယ်
pov: perthချစ်နေတာ basကိုလား အခုမှ သူတွေးမိခဲ့တယ် perthက bas ကိုဂရုစိုက်ချင်လို့ ငါ့ကိုဝင်ရောပီးbas ကိုဂရုစိုက်ခဲ့တယ်ဒါကို ငါက ငါ့ကို ဂရုစိုက်တယ် ထင်ခဲ့မိတယ် ဟုတ်ပါတယ် perth သူ့ကိုချစ်တယ်လို့တခွန်းတောင်မပြောခဲ့ပါ သူကသာ ချစ်တယ်လို့ပြောခဲ့ရတယ် အကုန်လုံးကို ပြန်တွေးပီး နာကျင်စွာငိုကြွေးနေမိတယ်