ဆိုင်လေးထဲကနေ တယောက်ထဲ လေးလံစွာ ပြန်လာခဲ့တယ် ငိုချင်တယ် ဝမ်းနည်းလွန်းလို့ ဘာဆက်လုပ်ရမလဲ မသိအောင်ကိုဖြစ်နေမိတယ် တယောက် ကအချစ်ဆုံး သူငယ်ချင်း တယောက်က ချစ်သူ ကိုယ့်ရဲ့ ဝမ်းနည်းမှုတွေကိုသိလို့လားမသိ မိုးတွေ ကလဲ ရွာနေပီ မိုးရေတွေနဲ့ အတူ မျက်ရည်တွေပါ ပါသွားခဲ့ပီ
အန်တီ
အော် သားperthပါလား ဘယ်လိုဖြစ်လာတာလဲကွယ်
bas နည်းနည်းလေးများ သွားလို့ ကျွန်တော် လာပို့ပေးတာ
ကျွန်တော့်ကို အခန်းလေးပြပါဦးအန်တီ
အပေါ်ဆုံးထပ်က ဒေါင့်ဆုံး အခန်း သား
ဟုတ်ကဲ့အန်တီ
perthလဲbasကို အခန်းထိလိုက်ပို့ပီး ကုတင်ပေါ်တင်ပေးခဲ့တယ် ဖိနပ်တွေလဲ ချွတ်ပေးပီး အင်္ကျီလဲ လဲပေးခဲ့တယ် bas မူးပီး အိပ်ပျော်နေတဲ့ကုံကိုမြင်ပီး
pov:အရမ်းခံစားနေရလား basရယ် ကိုယ် စိတ်မကောင်းပါဘူး ဘာပဲ ဖြစ်ဖြစ် ကိုယ်အနာမှာ ရှိနေမှာပါ
သား perth ဒီမှာ ကော်ဖီသောက်ပါဦး
မသောက်တော့ပါဘူး အန်တီ ကျွန်တော် သွားစရာလေးရှိသေးလို့
အော်အေးပါကွယ် ဂရုစိုက်သွားဦးနော်
ဟုတ်အန်တီ
ကားပေါ်ကိုရောက်တော့saintဆီဖုန်းဆက်လိုက်တယ် ဒါမဲ့ စက်ပိတ်ထားတယ်
ဖုန်းဆက်မရတာနဲ့ အိမ်ကိုပဲ တန်းပြန်လာပီး နားလိုက်တယ်
မိုးရေတွေစိုရွှဲပီးပြန်ရောက်လာတယ်
သားsaint ဘယ်လိုဖြစ်လာတာလဲကွယ်
သားနားချင်ပီ မား
နေမကောင်းလို့လား သား
ကောင်းပါတယ်
သားနည်းနည်း ပင်ပန်းနေလို့
အေးပါကွယ် သားလေးသွားနားလေ
saintလဲ အပေါ်ကိုတက်လာပီး အင်္ကျီ မလဲဘဲ အိပ်ရာပေါ် လှဲ လိုက်တယ်
သားရေ ထမင်းစားရအောင်
ဟမ် သားလေး ကိုယ်တွေပူနေတယ် ရေစိုတဲ့အတိုင်းကြီး အိပ်လိုက်ပီထင်တယ်