Healing Love 🍁
Part-8
စာအုပ်ခပ်ထူထူ ၃ အုပ်ကို ပိုက်ကာ စာကြည့်တိုက်ထဲ ထိုင်ဖို့ နေရာလိုက်ရှာနေတဲ့ Baekhyun ....
ဒီနေ့ ပိတ်ရက်ပေမယ့် သူမအားပါ။ monday တင်ရတော့မယ့် report က သူ့ကို ခေါင်းနောက်စေ၏။ တစ်နိုင်ငံလုံးရဲ့ ranking number 1 ဖြစ်နေတာဟာ အပြိုင်အဆိုင် ကြိုးစားတဲ့ ကျောင်းသားတွေကြောင့်ဆိုတာ လူတိုင်းသိသလိုပဲ။
ပထမဆုံး စာမေးပွဲမို့ Baekhyun လည်း စိတ်လှုပ်ရှားမိပါသည်။ရေးရမယ့်ပုံစံကို စီနီယာတွေဆီ မေးထားပြီးပြီမို့ ရေးမယ့် အကြောင်းအရာက ကိုယ် ရွေးချယ်ရမှာ။ ခေတ်ကို မသတ်မှတ်ထားတာကြောင့် ခေတ်အဆက်ဆက်တူးဖော်ရရှိတဲ့ ရှေးဟောင်းပစ္စည်းတွေထဲက တစ်ခုကို ကိုယ့်အမြင်နဲ့ ဖလှယ်ပြီး တင်ပြရမှာဖြစ်သည်၊ ရှာလိုက်တာနဲ့ အလွယ်တကူတွေ့ရတဲ့ ပစ္စည်းမျိုးကို Baekhyun မရေးချင်။
ဒါကြောင့် အင်တာနက်ပါမက သမိုင်းစာအုပ်ကြီးတွေထဲကပါ စေ့စေ့စပ်စပ် ရှာပြီး ရေးချင်၏။သူများတွေတော့ မသိပေမယ့် Baekhyun ကတော့ နိုင်ငံရဲ့ ရှေးဟောင်း အမွေအနှစ်တွေကို ထိန်းသိမ်းဖို့ ၊ နိုင်ငံ့ ယဉ်ကျေးမှု ရိုးရာကို လေ့လာဖို့နဲ့ လက်ဆင့်ကမ်းဖို့ဆို စိတ်အားထက်သန်နေတတ်သည်။ ကိုရီးယားနိုင်ငံရဲ့ ယဥ်ကျေးမှုအမွေအနှစ်ကို ကမ္ဘာ့နိုင်ငံအသီးသီးအထိပါ ချပြဖို့ သူရည်ရွယ်၏၊ ရှေးဟောင်း သုေတသန ပညာရှင်ဆိုတာ သူလုပ်ချင်တဲ့ အလုပ်ပဲ။
စိတ်ဝင်တစားနဲ့ စာဖတ်နေတုန်း ခုံကို လာခေါက်တဲ့ လက်တစ်စုံ။ လှည့်ကြည့်လိုက်တော့ အနောက်ဘက်ခုံက အစ်မတစ်ယောက်။
" ဖုန်း vibration ကြောင့် အာရုံစိုက်လို့မရဘူး "
" ခင်ဗျာ.... သြော် sorry ပါဗျ "
စာကြည့်တိုက်မှာ အသံဆူလို့မရတာကြောင့် ဖုန်းကို လွယ်အိတ်ထဲက ထုတ်ကာ အသံခလုတ်နှိပ်လိုက်တတာ့ vibration မရှိတော့ ။ Contact က ' အစ်ကို ' ဆိုတာ မြင်လိုက်ရတော့ အံ့သြရပြန်သည်။ သို့ပေမယ့် ဖုန်းကိုင်လို့ အဆင်မပြေတာကြောင့် စက်ပိတ်လိုက်၏။ သူကလည်း ထပ်မခေါ်တော့ဘူးလေ။
ထို့နောက်တော့ သူ ရေးချင်တဲ့ ရှေးဟောင်းပစ္စည်းတစ်ခုကို ရှာတွေ့ခဲ့ပါပြီ။
ဂိုလျောခေတ်က ခပ်ဝါဝါ ပန်းချီကားတစ်ချပ်။
ပန်းချီက ရိုးရှင်း၏။ အဲ့ဒီေခတ် အရာရှိတွေရဲ့ လူနေမှုဘဝကို ပုံဖော်ထားခြင်းသာ.....