Part-13အနောက်ကနေ သိုင်းဖက်ထားကာ တအီအီ ငိုရှိုက်နေတဲ့ ကောင်လေးကြောင့် Chanyeol ဗီရိုတံခါးကို ပိတ်လိုက်ကာ သူ့ဘက် လှည့်လိုက်၏။ ကောင်လေးရဲ့ လက်တွေကတော့ သူ့ခါးပေါ်ကနေ ဖယ်မသွား။
" ကောင်လေး...."
သူခေါ်လိုက်တော့ မော့ကြည့်လာတဲ့ ကောင်လေးက ပါးပြင်တစ်ခုလုံး မျက်ရည်တွေနဲ့ဖြစ်သည်။ နှာခေါင်းထိပ်ကလည်း ရဲလို့...
နှဖူးပေါ်မှာ ရေစိုလို့ ကပ်နေတဲ့ ဆံပင်တို့ကြောင့် ဆံပင်တွေကို သပ်တင်ပေးလိုက်ကာ မျက်ရည်သုတ်ပေးမိသည်။
နဖူး ပေါ်လာတဲ့ ကောင်လေးက ခပ်ငယ်ငယ်အရွယ် ကျောင်းမသွားခင် အမေ့ရဲ့ ပြင်ဆင်ပေးမှုကြောင့် ပြောင်ပြောင်ရှင်းရှင်း မြင်ရတဲ့ ကလေးတစ်ယောက်ရဲ့ မျက်နှာအသွင်။ နုနုငယ်ငယ်လေး..." မချစ်ပါနဲ့လို့ ပြောတာက မင်း ခံစားရမှာ စိုးရိမ်လို့ပါ.... ငါ မင်းကို မနှင်ရက်ပါဘူး "
" အစ်ကို နှင်လည်း ကျွန်တော်က မသွားဘူး "
ဆိုကာ ခါးက လက်တွေကို ဖြုတ်ချပြီး လည်ပင်းကနေ သိုင်းဖက်လျှက် တစ်ကိုယ်လုံး အားပြုလာ၏။ Chanyeol အနောက်ကိုတောင် ယိုင်သွားရကာ ဗီရိုတံခါးကို မှီလိုက်ရသည်အထိ။
" ကျစ် ! လဲမယ်လေ ကောင်လေး "
Baekhyun က သူပြောတာ ဂရုစိုက်ဟန်မပေါ်။
ဖက်ထားလျှက်ကြားက မျက်နှာကို Chanyeol လည်ပင်းနားလေး စောင်းကာ စကားပြောဖို့ပြင်၏။" အစ်ကို့မှာ ကျွန်တော့်ကို မချစ်နဲ့လို့ တားခွင့်မရှိဘူး.... အစ်ကို့ကို ချစ်တာက ကျွန်တော့်စိတ် ကျွန်တော့် ညဉ် ပဲမို့ ကျွန်တော်ကပဲ ဆုံးဖြတ်မယ် "
လည်ပင်းနားမှာ တို့တိတို့တိ လာလုပ်နေတဲ့ နှုတ်ခမ်းပါးကြောင့် Chanyeol က အံကြိတ်ထားရ၏။ ဘယ်သူက ဒီအခြေအနေကို အသည်းမယားဘဲ နေမည်နည်း။
" ဖယ်..ဖယ်တော့ ကောင်လေး ! "
" ဒီနေ့ကစပြီး အစ်ကို ကျွန်တော့်ကို ချစ်လာအောင် နည်းမျိုးစုံ သုံးတော့မှာ "
" ကျစ်!!"
" ချစ်တယ် အစ်ကို "
ဆိုကာ Baekhyun က Chanyeol လည်ပင်းနားတစ်ဝိုက်ကို နှုတ်ခမ်းပါးလေးနဲ့ ပွတ်ဆွဲ၏။ မေးအောက်ဘက်ကိုလည်း မော့ကာ မော့ကာ နမ်းသည်။
Chanyeol မှာသာ မျက်လုံးစုံမှိတ်လို့ အနမ်းတွေကို ရှောင်ရင်းကနေ ကောင်လေးရဲ့ ခါးကပါ တွန်းထုတ်ရ၏။