only

839 66 4
                                    

"ဟေ့ကောင် မင်းအနွေးထည် သေချာဝတ်လေကွာ"

"ဒီအအေးဒဏ်လောက်ကတော့ အေးဆေးပါကွာ ရေခဲပြင်ပေါ်မှာ ကြီးလာတဲ့ကောင်ပါကွ"

သူရဲ့ခပ်ပေါ့ပေါ့စကားကြောင့် ကျွန်တော်ဘာမှမပြောဘဲ မျက်စောင်းသာ ထိုးမိတော့သည်။သူကတော့ခပ်ဖွဖွရယ်လျက်

ဆောင်ဟွန်းကရယ်နေလျင် အတော်ကြည့်ကောင်းသည်။
နို့ရောင်သန်းနေအောင်ဖြူသော မျက်နှာနုနုက အအေးဒဏ်ကြောင့် ပန်းနုရောင်သန်းလျက်
နှုတ်ခမ်းရဲရဲနှစ်လွှာဖွင့်မှ ပေါ်လာသောသွားတန်းဖြူဖြူနှင့် သွားစွယ်တို့က စွဲမက်ဖွယ်အတိ။

"ဘာလဲ ငါတအားချောနေလို့ ငုတ်တုတ်မေ့သွားတာလား"

"ဟင်"

သူပြောလိုက်မှ သတိဝင်လာသောကျွန်တော်။
'အား ရှက်လိုက်တာ' စိတ်ထဲမှ ကိုယ့်ကိုကိုကျိန်ဆဲမိသည် ဟန်ကိုယ့်ဖို့လုပ်ကာ ရှက်ရမ်း ရမ်းမိတော့သည်

"ဘယ်သူကမင်းကို ကြည့်နေလို့လဲ စိတ်ကူးယဉ်မနေနဲ့ သွား မြန်မြန်သွားလေ့ကျင့်တော့ ငါကထိုင်စောင့်ရမှာ ပျင်းစရာကောင်းတယ်"

"အေးပါကွာ မင်းကလည်း စိတ်ချည်းပဲ"

ဆောင်ဟွန်းထွက်သွားမှ ဂျယ်ယွန်းအသက်ဝဝ ရူရတော့သည် အာ့ကောင်နဲ့နေရတာလဲ မလွယ်ပါလား ရင်ခုန်မြန်ပြီး သေနိုင်တယ်

"ဟူးးးးးးး"

သက်ပြင်းဖွဖွချကာ ဆောင်ဟွန်းသွေးပူလေ့ကျင့်ခန်း လုပ်နေသည်ကို ထိုင်ကြည့်နေလိုက်သည် တခြားဘာမှလုပ်စရာမရှိ လိုက်လာသည့် ရည်ရွယ်ချက်ကိုက သူ့ကိုကြည့်ရအောင် လိုက်လာသည်မို့

စကိတ်ကွင်းထဲမှာ တဖြည်းဖြည်းစီးရင်း အရှိန်ယူနေတဲ့ ဆောင်ဟွန်းကြောင့် ပြုံးမိပြန်သည်။ ဒီလူသားကို မြင်နေရရင်ကို ခနခနပြုံးမိ နေတာမျိုး။ဆောင်ဟွန်းက တခုခုကို အာရုံစိုက်နေတဲ့အချိန်မျိုးဆို သိပ်ကြည့်ကောင်းသည်။ သူလုပ်ချင်ဆုံးအရာကို လုပ်နေရတဲ့အချိန်ဆိုတော့ အတိုင်းထက်အလွန်ပေါ့ ။သိပ်ကို တည်ငြိမ်အေးချမ်းလွန်းနေသည်

"ဗိုင်းးးးးးးးးးးးးး"

ရုတ်တရက်ကြည့်နေရင်း သုံးပတ်အလှည့်မှာ လဲကျသွားတဲ့ဆောင်ဟွန်း။ကျွန်တော် စိတ်ပူစွာ နဲ့နေရာက ထရပ်မိသည်

Orange BearWhere stories live. Discover now