"ကျောင်းပိတ်ရက်တွေကလည်း ကြာလိုက်ကွာ"
ပတ်ဆောင်ဟွန်းရဲ့ငြီးညူးသံသဲ့သဲ့ထွက်လာသည်
ဂျယ်ယွန်းက ဆောင်းဟွန်းရှိတဲ့ဘက် ခေါင်းစောင်းကြည့်ပြီးမှ လက်ထဲက စာအုပ်နှင့်လှမ်းပေါက်လိုက်သည်"ကျောင်းဖွင့်တုန်းကရော မင်းကျောင်းတက်လို့လား အမြဲတမ်း စကိတ်ကွင်းပဲသွားနေပြီးတော့"
ထိုအခါမှ ဆောင်ဟွန်းက ခပ်ဖွဖွရယ်လျက် ဂျယ်ယွန်းသူ့ထံပစ်ပေါက်လိုက်သော စာအုပ်ကိုကောက်ကာ ဂျယ်ယွန်းထံလျောက်လာလေသည်
"ဂျယ်ယွန်းကလည်းကွာ အာ့တုန်းက ငါကရည်းစားမရသေးဘူးလေ အာ့တော့ ငါအချိန်ဖြုန်းလို့ရမယ့် စကိတ်ကွင်းပဲသွားတာပေါ့
အခုက ချစ်ရတဲ့ရည်းစားလေး ရှိနေပြီလေ မင်းနဲ့တူတူ လက်တွဲပြီး ကျောင်းတက်လိုက် ကန်တင်းလေးထိုင်လိုက် စာကြည့်တိုက်လေးသွားလိုက်နဲ့ လုပ်ချင်တာပေါ့ဘာလဲ မင်းကငါနဲ့တူတူ အချိန်မဖြုန်းချင်လို့လား"
ပတ်ဆောင်ဟွန်းရဲ့ ခပ်ဆောင့်ဆောင့်ထွက်လာတဲ့ အသံကြောင့် ဂျယ်ယွန်း မျက်ခုံးပင့်လိုက်မိသည်
"အခုလည်း ငါနဲ့အတူတူ အချိန်ဖြန်းနေတာပဲမဟုတ်ဘူးလား မိုးလင်းကတည်းက ဂိမ်းဆော့လိုက် စာအုပ်ဖတ်လိုက် မုန့်စားလိုက်နဲ့ ငါ့အခန်းလည်း အကုန်ပေပွနေပြီ"
ဆောင်ဟွန်းက ဆိုဖာပေါ်ထိုင်နေတဲ့ ဂျယ်ယွန်းပေါင်ပေါ်ခေါင်းအုံးကာ သူ့ခြေတံရှည်များနှင့် မဆံ့သည်နေရာတွင် အတင်းဝင်အိပ်၍ ဂျယ်ယွန်းလက်များကို ဆွဲယူကာ သူ့ဆံပင်များ ကြားထဲတွင် နေရာချပေးသည်
ဆောင်ဟွန်းက ထိုကဲ့သို ယုယုယယနေချင်သည့်အခါများတွင် ဂျယ်ယွန်းကလည်း အလိုက်တသိ နူးညံ့ပေးတတ်သည်
သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးမှ ရည်းစားအဆင့်တက်လာတဲ့ သူတွေမို့ တချို့အရာတွေတွင် ပြောမပြနိုင်သည့် အခက်အခဲများရှိ၏
ဆောင်ဟွန်းကလည်းအပြောနဲ့သာ ရဲတင်းတာဖြစ်သည် တကယ်တမ်းနမ်းဖြစ်ကြသည့်အချိန်များဆို ဂျယ်ယွန်းနည်းတူရှက်နေတတ်သည်