"ကလင် ကလင် ကလင်"
"ကလင်"
နိုးစက်သံကြားသည်နှင့် ဖြတ်ခနဲပွင့်လာသော မျက်လုံးတို့က အရင်ကနဲ့မတူစွာ ခန္တာကိုယ်ထက်မြန်တဲ့ ဦးနှောက်ရဲ့ ဆုံးဖြတ်ချက်ကြောင့် နှုတ်ခမ်းတို့ကပါ လိုက်ပြုံးလာလေသည်First Date!ဒီနေ့ ဂျယ်ယွန်းနဲ့ ချစ်သူဖြစ်ပြီးနောက် ပထမဆုံးလျောက်လည်ရမည့် နေ့ပင် တနည်းအားဖြင့် ကျွန်တော် ပတ်ဆောင်ဟွန်းဆယ်ရှစ်နှစ်ပြည့်တဲ့နေ့
" Yayyyyyyy""ဟဲ့ သားကြီး မနက်စောစောစီးစီးဘာလို့ထအော်နေတာလဲ အပြင်သွားစရာရှိလို့လား"
မေမေ့အသံကြားမှ အပြင်မှာအသံထွက်အော်လိုက်မိတာ သတိရတော့သည်
"ဟုတ်တယ်မေမေ ဒီနေ့ဂျယ်ယွန်းနဲ့ ချိန်းထားတာရှိတယ် အာ့တာလေ..."
မေမေကသူနားလည်ပါတယ်ဆိုတဲ့အကြည့်နဲ့ကြည့်တာ ညကိုစောစောပြန်ခဲ့ ကိတ်ခွဲရမယ်လို့ မှာတာမို့ ဆောင်ဟွန်းနည်းနည်းတော့ရှက်သွားမိပါသည် သူမေမေရှေ့မှာ နည်းနည်းများအနေအထိုင်အဆင်ခြင်မိသလိုဖြစ်သွားလား
အချိန်ကြာကြာတွေးချိန်မရပါ ခေါင်းထဲရောက်လာတဲ့ အဆိုးလေးကြောင့် ရေချိုးဖို့အမြန်ပြင်ရပါသည် ရေချိုးမိုးချိုးပြီး ဟူဒီအပေါ်အကျီအနက်နဲ့အဖြူကွက်ကိုထပ်ဝတ်ကာ နောက်ဆုံးပိတ်မှန်မှာကြည့်လိုက်မိသည်
သေချာစိတ်တိုင်းကျမှ အိမ်အပြင်ပြေးထွက်ခဲ့ရသည် အဆိုးလေးက အချိန်မလေးစားတာ နည်းနည်းမှမကြိုက်ပါ လူကိုလစ်ရင် လစ်သလို ငေါက်ချင်နေတဲ့ အတွက်ဒီနေ့လို့နေ့မျိုးမှာ အပြစ်လွတ်အောင်နေရမည်
15မိနစ်ခန့်လမ်းေလျှာက်ပြီး အဆိုးလေးဆီကို ရောက်နေပြီဖြစ်တဲ့အကြောင်း ဖုန်းဆက်လှမ်းပြောရသည် မကြာပါ အိမ်ထဲက ခပ်သုတ်သုတ်ထွက်လာသည့် ကျွန်တော့အမောပြေလေး မနက်ခင်းနဲ့အပြိုင် လန်းဆန်းတဲ့ အပြုံးလေးနှင့် ဆံပင်စုတ်ဖွားလေးက ချစ်စရာအတိ"စောင့်နေရတာကြာသွားပြီလား"
"မကြာသေးပါဘူး ကိုယ်လည်း ခနနေကမှရောက်တာ"
ကျွန်တော့စကားဆုံးတော့ ဂျယ်ယွန်းဆီက မျက်စောင်းနုနုက ကျွန်တော့ဆီရောက်လာသည်
"ပတ်ဆောင်ဟွန်း ဟေ့ကောင် မင်းကိုယ်မင်း "ကိုယ်"လို့သုံးနေတာ ရပ်နော် အသက်လည်း ငါထက်ငယ်တာကို တကိုယ်ကိုယ်နဲ့ နားကြားမြင်းကပ်တယ်"