Chapter (1) Love Rivals

2K 103 13
                                    

Unicode

အချစ်ဆိုတာက ဝတ္ထုဇာတ်လမ်းတွေထဲမှာလိုပဲ အပြင်မှာရော တကယ်ရှိရဲ့လား သူ မသိဘူး။

ဒါဟာ အချစ်ဆိုတာကို သူ မယုံကြည်ခဲ့တာမျိုး မဟုတ်။

သူ မသိခဲ့ရုံတင်ပါ။

သူ့ရဲ့ ဒီ မသိနားမလည်မှုကို ကောင်းကောင်းကြီး အသုံးချသွားတဲ့ တစ်စုံတစ်ယောက်ကိုရော သူ မုန်းရမှာလား? ချစ်ရမှာလား?

သူ့နာမည်က စဝ်လွန်းရီ။ အင်္ဂလိပ်နာမည်က ဟင်နရီ။ အသက်က နှစ်ဆယ်။ အရပ်က ခြောက်ပေ။ ရုပ်ရည်ကတော့ အတော်ချောသည်ဟု လူအတော်များများက ပြောကြသလို သူကိုယ်တိုင်ကလည်း ထိုကဲ့သို့ပဲ ထင်ပါသည်။ သူ့မယ်တော်ဘုရားကိုယ်တိုင်ကတောင် အားတိုင်းရှိ 'ဒီကမ္ဘာပေါ်မှာ မယ်တော်ဘုရားရဲ့ သားတော်လေးလောက် ချောတဲ့လူ ရှိသေးရဲ့လား' ဟု လူရှေ့မရှောင် သူရှေ့မရှောင် ထုတ်ထုတ်ပြောလေ့ရှိသေးသည်မဟုတ်လား။ အဲ့ဒီကိစ္စကြောင့် အစပိုင်းမှာ သူ အနည်းငယ်ရှက်စိတ်ဖြစ်မိပေမယ့် နောက်ပိုင်းတွင်တော့ မယ်တော်ဘုရားပြောတာလည်း မှားမနေပါဘူးလေ ဟုသာ ဥပေက္ခာပြုထားလိုက်တော့သည်။

ဟုတ်ပါသည်။ သူက ရှမ်းမင်းသားတစ်ပါး။ မဟုတ်သေး.. အိမ်ရှေ့စံ ရှမ်းမင်းသားတစ်ပါး ဟုဆိုလျှင် ပိုပြည့်စုံလိမ့်မည်။

ရှမ်းပြည်နယ်၏ အချုပ်အခြာအာဏာပိုင် စော်ဘွားများထဲမှ တစ်ဦးဖြစ်သည့် ပင်းတယစော်ဘွား နှင့် မဟာဒေဝီတို့မှ မွေးဖွားသန့်စင်လာသော အိမ်ရှေ့စံသားတော်ကြီးဖြစ်သည့် စဝ်လွန်းရီ ၏ ဘဝသည် အရာရာတွင် သူ မတူအောင် ပြီးပြည့်စုံနေခဲ့သည်။ သူ့ဘဝတစ်လျှောက်လုံး လူတကာရဲ့ လေးစားအားကျတဲ့အကြည့်တွေနဲ့ ကျင့်သားရနေခဲ့ပြီး မိဘနှစ်ပါးကလည်း သားတော်သမီးတော်ငါးပါးတွင် တစ်ဦးတည်းပါသော သားဦးရတနာလေးမလို့ အသည်းတုန်နေအောင် ချစ်ကြသည်။ သူ၏ သနားစရာ နှမတော်လေးပါးမှာမူ မိန်းခလေးဖြစ်နေသည့်အပြင် သူ့ညီမတော်အရင်း စတယ်လာ မှလွဲ၍ မယ်တော်မဟာဒေဝီမှ မွေးဖွားသူများ မဟုတ်ကြသဖြင့် သူ့လောက်တော့ ဆွေတော်မျိုးတော်များ၏ အလေးထား ချစ်မြတ်နိုးခြင်းကိုမခံရပေ။

Royal SecretDonde viven las historias. Descúbrelo ahora