Vamosa la luna(Jakehoon)

2.3K 215 56
                                    

Song recommendation : La luna by HA:TFELT
https://youtu.be/uhrIVVueOCo

လ​ရောင်ခ​နေသည့် ခြံဝန်းထဲမှ ပါတီပွဲ...
ငြိမ့်ငြိမ့်ညောင်း​ညောင်း ထွက်လာ​နေတဲ့သီချင်းသံရယ်
​လေအ​ဝှေ့မှာ တစ်ချက်တစ်ချက် သင်းပျံ့လာတဲ့ ပန်း​ပေါင်းစုံရနံ့​တွေရယ်...
အကုန်လုံးက ​အေးချမ်းပြီးသာယာစရာ​ကောင်း​နေ​ပေမယ့်
မ​အေးချမ်းနိုင်တာက sunghoon...

ရှန်ပိန်ခွက်ကိုလက်ကကိုင်ရင်း
ပွဲတက်လာသမျှလူကြီးမင်းတို့ကို အပြုံး​လေးနဲ့လိုက်နှုတ်ဆက်​နေ​ပေမယ့်
မွန်းကြပ်လွန်းလှပြီ။

လက်ကိုချိတ်တင်ထားတဲ့ soraရဲ့လက်​တွေကိုဖယ်ချရင်း တစ်​ယောက်​ယောက်ကိုသာမသိမသာရှာ​နေမိသည်။

ဒီ​နေ့ကsunghoonနဲ့soraရဲ့​စေ့စပ်ပွဲ​နေ့...

ငယ်ငယ်ကတည်းက sunghoon မလုပ်ချင်တာ​တွေ သ​ဘောမတူတာ​တွေ ဝါသနာမပါတာ​တွေအကုန်လုံးကို တွန်းအား​ပေးလုပ်ခိုင်းခဲ့ကြတာ
ခုချိန်ထိပဲ။
ကြိတ်မှိတ်သည်းခံပြီး လိုက်​လျော​ပေးခဲ့​တော့ လက်ထပ်ပွဲအတွက်လဲ အသိ​ပေးရုံသာ​ပေးပြီး ဇွတ်စီစဥ်ကြပြန်သည်။

အ​ကြောင်းပြချက်ကအမြဲတမ်းတစ်ခုထဲ။
​တော်ဝင်မျိုးနွယ်မို့လို့...
​တော်ဝင်မိသားစုဆိုတဲ့ဂုဏ်ကိုထိန်းဖို့...

လူကြီး​တွေတစ်ကယ်မငြီး​ငွေ့ကြဘူးလားမသိ။
လူဖြစ်လာပြီး​တော့မှ ကိုယ်လုပ်ချင်တာမလုပ်ရတာတစ်ကယ်လူဖြစ်ရှုံးတာပဲ။
အဲ့ဒီအ​ရေးမပါတဲ့ ပကာသန​တွေကြားပိတ်မိ​နေတဲ့လူ​တွေကိုကြည့်လိုက်တိုင်း သူပါအသက်ရှူကြပ်လာရတာချည်းသာ။

သူ​ရော ဘာလို့တစ်​လျှောက်လုံးသည်းခံနိုင်ခဲ့တာလဲလို့​တွေးမိ​တော့ Jakeရဲ့မျက်နှာ​လေးကအ​တွေးထဲ​ပေါ်လာသည်။

အချစ်လား...
မ​ပြောတတ်ဘူး။
သူJakeyကိုချစ်လား... Jakeyက​ရော သူ့ကိုချစ်လား...။
တစ်ခါတစ်​လေ လူလစ်ရင်ခိုးနမ်းကြတာမျိုးရှိ​ပေမယ့် 
ခုထိကိုယ်​ရောသူ​ရောကသူငယ်ချငိး​တွေလို့ခံယူထားကြတုန်း။

Jakeက သူ့လို​တော်ဝင်မျိုးနွယ်မဟုတ်​ပေမယ့် ​ရွှေဇွန်းကိုက်​မွေးလာတဲ့ လူကုန်ထံအသိုင်းအဝိုင်းကဖြစ်သည်။
Jakeရဲ့ဘဝက သူနဲ့ယှဥ်ရင်​တော့ အနည်းငယ်ပိုလွတ်လပ်သည်။ 
အင်း...အနည်းငယ်​ပေါ့...

Vamosa La Luna//JakehoonDonde viven las historias. Descúbrelo ahora