Dearest Ep _12

118 13 0
                                    

ရှောင်းကျန့် နမ်းလိုက်တာကြောင့် ဝမ်ထန်းမင် သက်ပြင်းချပီးသူလည်းပင်ကိုဖက်ကာ နမ်းနေတဲ့ ရှောင်းကျန့်ကိုဖယ်၍ ရှောင်းကျန့်က နားလည်မခြင်းများစွာနဲ့ကြည့်နေတုန်း ရှောင်းကျန့်ကိုယ်သေးသေးလေးကို ရင်ခွင်ထဲဆွဲသင်းလိုက်သည်။

" ရှောင်းကျန့် နောက်ဆိုအဲ့လိုမလုပ်ရဘူးနော် လူတွေဝိုင်းပြောကြလိမ့်မယ် မင်းကလက်ထပ်ထားတဲ့လူတစ်ယောက် ကိုယ့်ကို ခုလိုလုပ်ရင် မင်းကိုပဲပြောကြလိမ့်မယ် ရိပေါ်လဲ မင်းကိုအထင်လွှဲပီး မင်းကိုစိတ်ဆိုးလိမ့်မယ်နော် အဆင်ပြေလား နော် ကိုယ်ရှိတယ် "

ဝမ်ထန်းမင် ပြောပီးချင်း ရှောင်းကျန့်က ငိုချရင်းပြောလိုက်သည်။

" အဟင့် ငါကမင်းကိုနမ်းချင်လို့နမ်းတာမဟုတ်ဘူး ဟီး အဟင့် ငါ ငါ ရိပေါ်ကိုအရွဲ့တိုက်ချင်လို့ မင်းသိလား "

"  အင်းပါ ကိုယ်သိတာပေါ့ ကိုယ်နားလည်တာပေါ့ ဘာမှမဖြစ်ပါဘူး ရှောင်းကျန့်ရာ "

" ထန်းမင် ငါအရက်သောက်ချင်တယ် "

ရှောင်းကျန့် ​ပြောလိုက်တဲ့စကားကြောင့် ဝမ်ထန်းမင် ရှောင်းကျန့်ကိုယ်သေးသေးလေးကို ရင်ခွင်ထဲဖက်ထားရင် ရှောင်းကျန့်ခေါင်းလေးပုပ်ပေးကာ ပြုံးမိသည်။

သိတာပေါ့ ရှောင်းကျန့်က စိတ်ညစ်တာပဲဖြစ်ဖြစ် အသည်းကွဲတာဖြစ်ဖြစ် သူကအရက်ပဲသောက်တာ ရှောင်းကျန့်က ကော်ဖီမကြိုက်ပေမယ့် ဒါပေမယ့် တစ်စုံတစ်ယောက်ကြောင့် ကော်ဖီဆိုင်လာကာ ကော်ဖီအမြဲသောက်သည်။ candy ဆိုတော့ ကော်ဖီဆိုင်လေးကိုပေါ့ ။

" အင်း သောက်ချင်လား ဝယ်တိုက္မယ် "

" အင်း "


ဝမ်ထန်းမင် ရှောင်းကျန့်လက်တွဲကာ အရက်ဆိုင်ကိုသွားလိုက်သည်။

အရက်ဆိုင်ရောက်တော့ ရှောင်းကျန့် အရက်တွေတစ်ခွက်ပီးတစ်ခွက်သောက်နေသည်။ အခုလဲ နောက်တစ်ခွက်သောက်ခါနီး ရှောင်းကျန့်လက်ထဲကနေ ဆွဲယူကာ စားပွဲပေါ်ပစ်ချတော့ ငိုလာတဲ့ ရှောင်းကျန့်ကြောင့် အရက်ခွက်ကိုပြန်ပေးလိုက်သည်။

DearestWhere stories live. Discover now