(A/N_ ဤဇာတ်လမ်းထဲမှ ဇာတ်ကောင်များ နေထိုင်ရာ နိုင်ငံ၊ ဇာတ်လမ်း အကြောင်းအရာ၊ ဇာတ်ကောင် ကာရိုက်တာများ အားလုံးသည် စာရေးသူ စိတ်ကူးယဉ် ရေးသားဖန်တီးထားသော တည်ရှိမှုများ သက်သက်သာ ဖြစ်ပါသည်။)
**********
အခန်း_(၁)
"မချစ်ဘူး ဒါပေမဲ့ မင်းနဲ့ပဲ ေနချင်တယ် ..."မနက်(၈)နာရီကနေ ည(၈)နာရီအထိသာ ဖွင့်သော "A+ ... Cafe" ဆိုတဲ့ မြေညီထပ်မှ ကော်ဖီဆိုင်လေးတစ်ဆိုင်။ ဆိုင်တံခါးဝ အနားမှ Openဆိုေသာ စာတန်းလေးက တစ်ဖက်အခြမ်းကို ပြောင်းပြန် အလှန်ခံထားရလေပြီ။ ဆိုင်အတွင်းအပြင်က မီးအလင်းရောင်တွေဟာလည်း ပျောက်ကွယ်သွားခဲ့ရလေပြီ။
၅ပေ ၉/၁၀လက်မ အရပ်အမြင့်၊ ဖြူလည်း မဖြူလွန်း ညိုလည်း မညိုသော အသားအရောင် ခပ်လတ်လတ်၊ နှစ်လိုဖွယ် မျက်နှာအသွင်အပြင်တို့နဲ့ လူတစ်ယောက်ဟာ ကော်ဖီဆိုင်လေးကို သော့ပိတ် သိမ်းဆည်းနေလေရဲ့။ ဆိုင်တံခါးပိတ်ပြီးနောက် သူ့ရဲ့ ဦးတည်ချက်က ကော်ဖီဆိုင်လေးရဲ့ အပေါ်ထပ်ကိုပဲ ဖြစ်သည်။ "Studio A" ဆိုသော စာလုံးတွေကို ဒေါင်လိုက်စီတပ်ထားတဲ့ လေးထပ်တိုက်ကြီး။
မြေညီထပ်မှာက ကော်ဖီဆိုင်ဖြစ်ပြီး အလယ်နှစ်ထပ်မှာက ဓာတ်ပုံစတူဒီယို ဖြစ်သည်။ အပေါ်ဆုံးထပ်မှာက လူနေတိုက်ခန်းတစ်လုံးပင်။ ကော်ဖီဆိုင်ထဲမှ ထွက်လာသူ ယောင်္ကျားက အပေါ်ဆုံးထပ်သို့ ဓာတ်လှေကားကနေ တစ်ဆင့် တက်သွားခဲ့သည်။ ထိုနေရာက သူနေထိုင်ရာ အိပ်စက်ရာ။ ပို၍ တိတိကျကျ ပြောရလျှင် ကော်ဖီဆိုင်ဝန်ထမ်းတစ်ယောက်အတွက် နေစားငြိမ်း ရှင်သန်ရာ အရပ်။
အခန်းထဲ ပြန်ရောက်တော့ တစ်နေ့တာရဲ့ ပင်ပန်းနွမ်းနယ်မှု တချို့ကို ရေချိုးခြင်းနဲ့ သူ လန်းဆန်းစေလိုက်သည်။ ဦးခေါင်းထက်မှ ရေစိုဆံပင်တွေ အပေါ်သို့ တဘက်တစ်ထည် လွှားတင်ထားရင်း Laptop ဖွင့်သုံးရန် ပြင်ဆင်မိသည်။ အိပ်ခန်းစားပွဲပေါ်တွင် တင်ထားသော Laptopဘေးမှာ သူ့ဖုန်းလည်း ရှိနေလေ၏။
"တင် ...တင် ..."
မက်ဆေ့ဝင်လာသံကြောင့် ဖုန်းကို ဝင်ကြည့်လိုက်မိသည်။ စာပို့လာသူက သူ့ရဲ့ အရင်းနှီးဆုံးလူ။ ထပ်ပြီး တိတိကျကျ ပြောရလျှင် "A+ ... Cafe" နဲ့ "Studio A" ရဲ့ ပိုင်ရှင်၊ သူ့ရဲ့ အချစ်ဆုံးသူငယ်ချင်း အရင်းကြီး ဧသာန်ပါပဲ။
YOU ARE READING
အချစ်၏ခေါင်းစဉ်အောက်တွင်မရှိခဲ့လေသော
Romanceချစ်တယ်ဆိုတဲ့ စကားလုံးက တချို့လူတွေအတွက်တော့ မလိုအပ်ဘူး။ ဒီဇာတ်လမ်းလေးက ရိုးရိုးလေးပါပဲ။ အချစ်ကို လုံးဝမယုံကြည်နိုင်သူ တစ်ယောက်နဲ့ သူ့ရဲ့ အချစ်ဆုံး သူငယ်ချင်းလေး တစ်ယောက်တို့ရဲ့ ဇာတ်လမ်းလေးပါ။ (Started On _ 27/June/2021) ခ်စ္တယ္ဆိုတဲ့ စကားလံုးက တခ်ိ...