𝕱𝖎𝖓𝖆𝖑

2.2K 224 42
                                    


.unicode.

နှင်းစက်မှုန်တွေကလေထုထဲဝေ့ဝဲလျက် ဆောင်းတွင်းနံနက်ခင်းကအေးချမ်းလင်းချင်းကာ သာယာနေသည်။ အေးစိမ့်စိမ့်လေထုနှင့်အတူရဲတိုက်ဝန်းတစ်ခုလုံးနှင်းထုလွှာဖြူလွှလွှကလွှမ်းခြုံလျက်။ ပြတင်းမှန်တို့ကလည်းနှင်းငွေ့တို့ရိုက်ခတ်လျက်မှုန်ဝါးကာနေသည်။

ရဲတိုက်တစ်ခုလုံး၏မီးလင်းဖိုများကိုအပူပေးရင်းနွေးထွေးစေကာ။ စွပ်ပြုတ်ပူပူလေးများကလည်း နန်းတော်အပြင်မြို့တွင်းမှ ချို့တဲ့သူတို့အားမျှဝေပေးရန် ထမင်းစားဆောင်တွင်နေ့စဥ်တိုင်းချက်ပြုတ်လေသည်။ သန့်ရှင်းသည့်စေတနာပါသည့် စွပ်ပြုတ်ဟင်းတို့ရနံ့က လေထုထဲမွှေးပျံ့လျက်။

နန်းတော်တွင်းမှကလေးငယ်များကတော့ ရွှေရောင်တလက်လက်ထနေပါသော အဆောင်အယောင်လေးများကိုကိုင်ရင်း ဟိုသည်ပြေးလွှားလျက်ရှိသည်။ ကော်ဇော်နီလေးတွေပေါ်ဖြတ်ပြေးသွားရင်း သစ်ပင်တွင်အလှချိတ်မည့်အရုပ်လေးများကလည်း ​မြေပေါ်ပျံ့ကျဲကာနေသည်။

ထင်းရှူးပင်ပေါ်၌ ရွှေရောင် မရမ်းရောင်ပန်းမွှားလေးများချိတ်နေသော Maid တစ်ဦးက ပြေးလွှားနေသည့်ကလေးများကိုကြည့်ကာ

" ကလေးတွေအရမ်းလျှောက်ပြေးမနေနဲ့.. အရှင်မင်းကြီးတွေ့သွားရင်ဘယ်လိုလုပ်မလဲ "

ထိုစကားကြောင့် ခုနစ်နှစ်အရွယ်ခန့်ရှိမည့်ဆံပင်ရှေ့တိ ရှေ့သွားကြီးကြီးလေးတွေရှိသောကောင်လေးက ရပ်တန့်သွားသည်။ သူ့မိခင်ကိုနားမလည်သလိုမော့ကြည့်ရင်း

" အရှင်မင်းကြီးကတစ်ခါမှစိတ်မဆိုးဖူးပါဘူး အရှင်မင်းကြီးကသဘောကောင်းတယ်လေ "

ကလေးငယ်၏စကားကြောင့် အမျိုးသမီးကဖွဖွပြုံးရင်း သက်ပြင်းဖြည်းဖြည်းချသည်။ နှုတ်ခမ်းကိုကိုက်ကာတစ်စုံတစ်ခုကိုပြောရန်စကားလုံးတို့ရှာဖွေနေပါသော်လည်း။

" ကျွန်တော်ကသဘောမကောင်းဘူးလို့ထင်ရလို့များလား Ma'am... "

အသံနှင့်အတူခန်းမတွင်းဝင်လာပါသော မြင့်မားသည့်အရပ် ကျက်သရေအပေါင်းခညောင်းတင့်တယ်လှပါသော။
မိုင်ပေါင်းများစွာမှလှမ်းကြည့်လျှင်ပင် အရှိန်အဝါများနှင့်ပြည့်စုံနေမှန်းသိသာပေါ်လွင်နေသည့် အမျိုးသားငယ်တစ်ဦး။

𝐃𝐚𝐮𝐧𝐭𝐥𝐞𝐬𝐬 /jayhoon/ Where stories live. Discover now