Unicode
တာဝန်ကျရာ သေးငယ်သည့်
ခရိုင်မြို့နယ်ေလးရဲ့ ပြဇာတ်ရုံ။
ချိုမြိန်သည့် အသံလေးကိုကြားလိုက်ရချိန်
နှလုံးသားရဲ့ အချက်ပေးသံအရ
ထိုမြို့နယ်လေးကို ရောက်ရှိပြီး
၂၄နာရီမပြည့်ခင်မာပင် သူဟာ
အချစ်ကိုရှာေတွ့ခဲ့ကြောင်းသိလိုက်ရပါသည်။သင်းပျံ့နေသည့် မွှေးရနံ့ဟာ
ပြဇာတ်ခုံပေါ်ကနေ သူ့နှာဖျားကိုလာရောက်ကျီစယ်ေလသလား။ထိုရင်သပ်ရှုမောဖွယ်
အမျိုးသားငယ်ဟာ သူ၏ရင်အစုံကိုလှုပ်ခတ်စေသည်မာ မယုံကြည်နိုင်ဖွယ်။သူ၏အချစ်သည်ကား မျက်နှာခြယ်မှုန့်တွေ
ဖြင့်မျက်နှာနုနုေလးကို
ဖံုးကွယ်ထားသည့် ပြဇာတ်သမားငယ်။
အပြာရောင်လှိုင်းတွန့်သဏ္ဍာန်
လက်အနားတွေကို သိမ်မွေ့စွာ
လှုပ်ရှားလျက်ဖျော်ဖြေနေသူ။
ပြဇာတ်ကို ချစ်သည့် အနုပညာသမားငယ်။
ထိုချစ်စဖွယ်အမျိုးသားငယ်သည်ကား
သူ့နှလုံးသားကိုခုန်လှုပ်စေရန်
အမိန့်ပေးနိုင်စွမ်းရှိသည့် တစ်ဦးတည်းသော
မူပိုင်သူ။နာမည်သည်ကား ဝမ်ရိပေါ်။နေရာအသစ် တာဝန်အသစ်နဲ့
သူ၏အေးစက်နေတဲ့ ရင်ခုန်သံဟာ
ထိုအမျိုးသားငယ်ဝမ်ရိေပါ်၏
ခြေဖျားရင်းထံ လှလှပပကျဆုံးခဲ့ပါသည်။🌼
သွေးကြောမျှင်တွေယှက်ဖြာနေသည့်
လက်တစ်စုံ။အချိန်ခနအတွင်း
ထိခတ်လိုက်သည့် လက်ဖျားထိပ်ေလးကပင်
သူ့အားအကြိမ်ကြိမ် ရင်ခုန်စေသည်။
သူသဘောပေါက်လိုက်သည်ကား
အချစ်ဆိုတာ ဤသို့ဤနှယ်ပေလား။အအေးဒဏ်ကြောင့် နီဆွေးနေသည့်
လက်ထိပ်ကေလးေတွ၊
နှာခေါင်းထိပ်ကလေးနဲ့အတူ ပါးပြင်မို့မို့။
အညိုရောင်ဖန်လုံးလို အရည်တလဲ့လဲ့
တောက်နေသည့်မျက်ဝန်းတွေဟာ
သူအားတအ့့ံတဩငေးကြည့်နေသည်။
ခပ်ဟဟဖြစ်သွားသည့်
နှုတ်ခမ်းရဲရဲလေးမှတစ်ဆင့်
အအေးဓာတ်ကြောင့်ထွက်လာသည့်
အာငွေ့လေးတွေမာ သူ့အသက်ပါသွားလေပြီ။အပေါ်ကုတ်ကိုဆွဲချွတ်ကာ
သူ့အရှေ့က အမျိုးသားငယ်အပေါ်
လွှမ်းခြုံပေးချင်စိတ်ကို
ထိန်းချုပ်ကာလှည့်ထွက်ခဲ့သည်။
နားထဲအဖန်တလဲလဲကြားနေမိသည်ကား "ကျေးဇူး"ဆိုသည့်အသည်းယားဖွယ်
စကားနှစ်ခွန်းပင်။