ရက်စွဲဘယ်နေ့မှန်းမသိတဲ့ မိုးတွေတစ်ဖြိုက်ဖြိုက်ရွာနေတဲ့ညမှာ သူ့ကို သစ်လုံးအိမ်လေးထဲမှာဖွားမြင်ခဲ့တယ်။ Lin ZiHongဆိုတဲ့ နာမည်နဲ့ လောကကြီးထဲကို ရောက်လာပြီးတဲ့နောက် သူမြင်ခဲ့ရသမျှက သစ်တောစိမ်းစိမ်းတွေ တောတောင်တွေနဲ့ သားရဲတိရိစ္ဆာန်တွေပဲ။ အသက်ဆယ့်သုံးနှစ်မှာ ပါး မား လို့ခေါ်စရာလူပျောက်ဆုံးသွားပြီးတဲ့နောက် တစ်ကိုယ်တည်းနေတတ်ဖို့ လေ့ကျင့်ခဲ့ရတယ်။ အဲ့ဒီသစ်လုံးအိမ်လေးထဲမှာ သူရယ် ဖြူလုံးလေးလို့ သူနာမည်ပေးထားတဲ့ ယုန်ကောင်လေးရယ် တူတူနေတယ်။
ဟုတ်တယ်.....
Lin ZiHongက ဒီတစ်တောလုံးရဲ့ တစ်ဦးတည်းသောလူသားမျိုးနွယ်။*********
တောင်ကျချောင်းရေက ကြည်စင်ပြီးအေးမြနေတယ်။ Lin ZiHongမျက်နှာငုံ့သစ်လိုက်ပြီး ဘေးဘီကြည့်တယ်။ ခဏနေရင် သားကောင်ရှာထွက်တော့မယ်လေ။
"ဟမ် ဘာကောင်ကြီးလဲ"
တောင်ကျချောင်းရဲ့ ချောင်းအကွေ့ကမ်းစပ်မှာ တင်နေတဲ့ သဏ္ဍာန်တစ်ခု။ သူအနီးတိုးပြီး သွားကြည့်လိုက်တယ်။
ခြေထောက်နှစ်ချောင်း လက်နှစ်ချောင်းလဲပါတယ်။ ပြီးတော့ ဆန့်ဆန့်ကြီး။ ဒီမျက်နှာဒီလိုပုံနဲ့က.... သူတစ်ချက်အတွေးပေါက်ပြီးလန့်သွားတယ်။ သူ့လိုမျိုးနောက်ထပ် လူသားတစ်ယောက်....
Lin ZiHongအဲ့လူကို ကမ်းစပ်ကနေဆွဲတင်လိုက်တယ်။ ရင်ဘတ်နားကပ်ပြီးနားထောင်ကြည့်ရသလောက် သေတော့မသေသေးဘူးပဲ။ ကျောမှာပါတဲ့အထုပ်ကို သူဖြုတ်ပြီးဖွင့်ကြည့်လိုက်တယ်။ ကြိုးတွေရယ် သတ္တုချောင်းကွေးကွေးတွေရယ် အ၀တ်တွေရယ် နောက် လက်တစ်ဖဝါးလောက်စာ မဲမဲအပြားလေးတစ်ခုရယ် ထွက်လာတယ်။ သူစူးစမ်းသလိုနဲ့ အဲ့မဲမဲအပြားလေးကို လျှောက်ထိကြည့်တော့ ရုတ်တရက်ကြီးလင်းလာရော။ ဘာကြီးလဲ!!!! ထူးထူးဆန်းဆန်းပဲ အဲ့ပေါ်မှာပေါ်လာတဲ့ မျက်လုံးတွေမှိတ်နေတဲ့အထိရယ်နေတဲ့ ကောင်လေးပုံကိုတော့ သူခဏလောက်ငေးသွားတယ်ဆိုတာ ၀န်ခံရမယ်။ နောက်ထပ်ဖွကြည့်တော့ ခေါက်အိတ်လေးထဲကနေ အပြားလေးတစ်ခုတွေ့တယ်။ အပေါ်မှာ စာကြောင်း စာကြောင်းလေးတွေနဲ့.....
YOU ARE READING
ကောင်းကင်ကြီးက ငါ့ကိုသူနဲ့တွေ့ဆုံပေးခဲ့တယ်
Fanfiction-သူက မိုချီလုံးလေး သဘာ၀ရဲ့လေနုအေးလေး ကောင်းကင်ကြီးက ငါ့က်ိုပစ်ချပေးလာတဲ့လက်ဆောင်လေး-