find

3.3K 556 48
                                    

‌နေတိုင်းလိုလို ကမ်းနားလေးကို သွားပြီးဂျောင်ကုကို မျှော်နေတက်တဲ့
ဆော့ဂျင်ကို yeonjunသနားလာမိသည်။
ဂျောင်ကုဆိုတဲ့လူသားဟာ
မဂ်လာဆောင်ပြီးထဲက ပြန်သွားတဲ့အသွားက ယနေထိတိုင်
အဆက်အသွယ်မလုပ်လာခဲ့တာ ၂လကျော် ချေပြီ။

ဆော့ဂျင်မေကြီးတို့ရဲ့ ဘဏ်အကောင့်လေးထဲကိုသာ
တလစာအသုံးစရိတ်တွေလွဲပေးတက်တာလွဲပြီး ဖုန်းဆက်လိုလဲမရ ၊ ရုံးဖုန်းဆက်တော့လဲ သူဠေးမရှိဘူး ဟုသော
ဆင်ခြေတွေသာရခဲ့သည်။

"ဆော့ဂျင်ရယ် အိမ်ပြန်ရအောင် ဟိုလူပြန်လာဖို့မရှိပါဘူးကွာ "

"Yeonjun သူတခုခုများဖြစ်နေလိုလား မသိဘူး
ငါ တွေးရင်းတွေရင်း စိတ်တွေမတရားပူလာတယ်
ဒါကြောင့် ငါ အခုလို အိမ်ကနေထွက်လာမိတာ!!"

"ဆော့ဂျင် ငါဒီစကားကိုမပြောဘူးလုပ်ထားပေမယ့်
အခုပြောမှရတော့မယ် ၊ အာ့လူက မင်းကိုထားခဲ့ပြီထင်တယ်

"မဟုတ်ဘူး!!! အလိုလုံးဝမဟုတ်ဘူး
သူငါဆီကိုပြန်လာမယ်လို ဂတိပေးခဲ့တာ!!"

"သူဂတိတည်လား မတည်လားဆိုတာ မင်းသိနိုင်လို့လား!!'

"အားးးး ငါဘာမှမကြားချင်ဘူး!!"

ဆော့ဂျင် နားလေးနှစ်ဖက်ကို အတင်းပိတ်ထားရင် သူရှေ့ကပြေးထွက်သွားတော့ Yeon jungအနောက်ကျပြးလိုက်ခဲ့မိကါသည်။ ဒါပေမယ့် ဆော့ဂျင်က သူအခန်းလေးထဲဝင်ကာ
အထဲကပိတ်ထားလိုက်လို yeonjunအထဲလိုက်ဝင်လိုမ‌ရခဲ့ပါ။

"ဆော့ဂျင် !! ထမင်းစားမယ်!!

သားငယ်လေးရေ ထမင်းစားမယ်
မနက်ကလဲ ဘာမှမစားထားဘူလေနော် ၊ ထွက်လာပြီး
တခုခု စားရအောင်လေနော်!!

ဗိုက်တွေအောင့်ကုန်တော့မယ် သားငယ်ရေ
ထွက်လာပါကွယ်~~

ဦးနဲ့ဒေါ်‌ဒေါ်နှစ်ယောက်လုံးအပြင် သူပါ ဆော့ဂျင်အခန်းရှေ့ရောက်နေကာ မနက်ထဲက အခန်းပြင်မထွက်လာတဲ့ ဆော့ဂျင်ကို
ညစာစားရန် ခေါ်နေမိခဲ့သည်။

"မေကြီး!!"

အတန်ကြာတော့ ရှိုက်သံလေးတွေနဲ့အတူ တံခါးဖွင့်ကာ ထွက်လာတဲ့ဆော့ဂျင်ဟာ ဒေါ်ဒေါ်ရင်ခွင်ထဲ ဝင်တိုးလာခဲ့သည်။
ဒေါ်ဒေါ်ဟာလဲ ဆော့ဂျင် ခေါင်းလုံးလုံးလေးကို ပွတ်သပ်ပေးရင်း ချော့မြူနေခဲ့သည်။

JK bridegroom [ kookjin]Where stories live. Discover now