What Could We Ask For More?

959 95 40
                                    

UNICODE

ဥတုရာသီ အလီလီပြောင်းကာ Karasuno အထက်တန်းကျောင်းတွင် Hinata Shoyo သည်လည်း ဒုတိယနှစ် ကျောင်းသားဖြစ်နေခဲ့ပြီဖြစ်သည်။ ဒီနှစ်တွင် တတိယနှစ် စီနီယာများလည်း အထက်တန်းဘွဲ့ရသွားပြီဖြစ်သောကြောင့် Karasuno Volley Ball အရင်ကထက် အားလျော့သွားသည်မှာတော့အမှန်ပင်ဖြစ်သည်။ ဂျူနီယာများထဲ အားကိုးရသူများပါသည့်တိုင် စီနီယာများကို လိုက်မှီသူ၊ သူတို့နှင့် တန်းတူ လိုက်နိုင်သူ မပါသည်ကတော့ တကယ်ကိုဝမ်းနည်းစရာပင်။

သို့သော် ဒါတွေက Hinata ကို စိတ်ဓာတ်ကျစေမည်မဟုတ်ပေ။ တကယ် စိတ်ဓာတ်ကျစေသည်က ဒီနှစ် Inter-High တွင် သူတို့ Miyagi ဒေသ ကိုယ်စားပြုအဖွဲ့အနေဖြင့် Tokyo သို့သွားနိုင်ခွင့် ဆုံးရှူံးသွားခဲ့ရခြင်းပင်။ ကစားသမားအပြောင်းအလဲ များသောကြောင့် သူတို့ အားနည်းနေသည့်တိုင် Top 3 ထဲတော့ ဝင်ခဲ့သေးသည်။

သာမန်ရက်များအတိုင်းပင် ကျောင်းသို့ စက်ဘီးစီးလာသော်လည်း Hinata ၏ အာရုံက သူဘယ်လို တိုးတက်အောင်လုပ်ရဦးမလဲ ဟူသည့် မေးခွန်းတွင်ပင် တဝဲလည်နေခဲ့သည်။ ဒုတိယနှစ် Hinata သည် မနှစ်တုန်းကထက် များစွာ တိုးတက်လာခဲ့သည်တိုင် သူ့အတွက် မလုံလောက်နိုင်ဟု ခံစားမိသည်။ တစ်နေ့ထက်တစ်နေ့ ပိုပိုကောင်းလာသော Kageyama ကို ကြည့်ရင်းလည်း သူ အားကျ မနာလိုရသည်။ Kageyama တောင် လုပ်နိုင်လျှင် သူလည်း မလုပ်နိုင်စရာမရှိ။

ဒီနေ့လည်း ပျင်းရိဖွယ်ရာ စာသင်ချိန်များကို ဖြတ်သန်းရပေဦးမည်။ ထိုအချိန်များတွင် Volley များ လေ့ကျင်နေရရင် ဘယ်လောက်ကောင်းလိုက်မလဲဟု သူတွေးမိသည်။ Inter-High သို့ မသွားရသည့်အတွက် Kenma နှင့်လည်း ထပ်ပြီး အတူမကစားရတော့ပေ။ Itachiyama၊ Fukurodani နှင့် Inarizaki အစရှိသော အလွန် တော်ကြသည့် အသင်းများနှင့် ယှဥ်ပြိုင်ကစားခွင့်လည်း သူတို့တွင်မရှိတော့။

Inarizaki ဆိုမှ မနှစ်က ကစားပွဲတွင် သူ့ကို လက်ညှိုးထိုးကာ တစ်ခုခု ကျိန်ပြောသွားသည့် အမြွှာညီအစ်ကို နှစ်ယောက်ထဲက ဆံပင်ရွှေရောင်နှင့် တစ်ယောက်ကို သူ သတိရမိသွားသည်။ ကစားပွဲအရှိန်နှင့် ပင်ပန်းနေသောကြောင့် ဘယ်သူက ဘယ်သူ ကွဲကွဲပြားပြား မခွဲနိုင်လိုက်သည့်အပြင် သူဘာပြောလိုက်သည်ကပင် မရေမရာ။

Love:The Stories about UsWhere stories live. Discover now