To Love; The Beginning

306 38 4
                                    

(This is Hinata's POV for "What could we ask for more?" More sequels should come out in the near future too. Enjoy your reading~)

UNICODE

Hinata Shoyo၊ အကြိုက်ဆုံး ကြက်ဥလိပ်ထမင်း၊ အသက် ၂၂ နှစ်၊ အလုပ်အကိုင် Pro Volleyball ကစားသမား၊ အသင်း MSBY Black Jackals၊ Position Wing Spiker မှာ ယခု အကျပ်အရိုက်ဆုံး အခြေအနေတစ်ခုကို တွေ့ကြုံနေရသည်။

သူ...

သူ့အသင်းထဲက လူတစ်ယောက်ကို ချစ်မိနေသည်။

ထိုသူက သူ့ထက် တစ်နှစ် အသက်ပိုကြီးသည်။ ပိုပြီး အရပ်ရှည်သည်။ ပိုပြီး ချောမောသည်။ ကစားသမားတစ်ယောက်အနေနှင့် သူ့ကို မရှုံးနိုင်သော်လည်း ယောကျာ်းတစ်ယောက် အနေနှင့်ကတော့ အလံဖြူပြရလောက်သည်အထိ (သူ့မျက်လုံးထဲ) ပြီးပြည့်စုံလွန်းသောသူ ဖြစ်သည်။

Hinata သည် သန်မာသည့် သူများကို သဘောကျသည်။ အတိအကျပြောရပါလျှင် သန်မာသည့် ပြိုင်ဖက်များ/ကစားသမား များကို သဘောကျ​ခြင်း ဖြစ်သည်။ ထိုသူတို့ကို လေးစားရင်း၊ အားကျရင်းနှင့် ထိုသူတို့နှင့် အပြိုင်ကစားရသည်ကို ခုံမင်နှစ်ခြိုက်သည်။ ကစားသမားတစ်ယောက်အနေနှင့် ပြိုင်ဖက်များပေါ်တွင် ထိုစိတ်ဓာတ်မျိုးရှိသည်မှာ သဘာဝပင်။

ဒါပေမဲ့ ကြည့်ရတာ အဲ့ဒီသူတစ်ယောက် အပေါ် သူ့ရဲ့ သဘောထားက ပြိုင်ဖက်တစ်ယောက်၊ အသင်းသားတစ်ယောက် အပေါ်ရှိသင့်သည်ထက် နည်းနည်း ပိုနေသလိုပင်။

မဟုတ်သေးဘူး။ တော်တော်လေးကို ပိုနေသည်။

Hinata သည် ဆုံးဖြတ်ပြီးလျှင် တွန့်ဆုတ်တတ်သူ မဟုတ်။ သူ ဖြစ်ချင်သည်ကို ကျားကုတ်ကျားခဲ မရရအောင် လုပ်တတ်သည့် လုံ့လဝီရိယ ရှိသူဖြစ်သည်။

သို့သော် အဲ့ဒီလိုစရိုက်က ကစားသမား Hinata Shoyo ထံတွင်သာ ရှိပြီး ဒီအတိုင်း Hinata Shoyo ထံတွင်ကား ပျောက်နေပုံပေါ်သည်။

မဟုတ်ရင်... သူ အခုလို ဖြစ်နေမှာမဟုတ်။

ထိုသူ့အပေါ် သူ၏ လျှံဖိတ်ကျနေသော နှစ်ခြိုက်မှုကို လွန်ခဲ့သော နှစ်ပတ်က စ​​ပြီး သူသတိထားမိခဲ့သည်။

.

..

...

....

Has llegado al final de las partes publicadas.

⏰ Última actualización: Dec 19, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Love:The Stories about UsDonde viven las historias. Descúbrelo ahora