extra

1K 153 46
                                    

🎉🎉 suprise 🎉🎉

တပြည်သား(extra)

မောင်ပြန်သွားတဲ့နှစ်ရက်လုံးလုံးထမင်းစာမဝင်ခဲ့ပေ။မောင်ရော ထွေး‌ကိုသတိရနေလား ထွေးကတော့ရူးမတက်ဘဲမောင်။ဘကြီးဆီက မောင်ဖုန်းနံပါတ်ကို ထွေးရခဲ့တယ်။ ဒါမယ့် မောင်ရယ် ထွေးကစကားမှမပြောနိုင်တာ။ဖုန်းဆက်ဖို့ကိုတွန့်ဆုတ်နေမိသည်။

နှစ်ပတ်ကြာတဲ့အခါ ထွေးလောဘတက်လာမိတယ် မောင်။ဖုန်းဆက်လို့မောင်အသံလေးကြားရင် ထွေးကျေနပ်ပါမယ့်လို့ပေါ့။ ရွာထိပ်က ဒေါ်တုတို့ အိမ်မှာ ဖုန်းသွားခေါ်လိုက်တယ်မောင်။အဲ့ချိန်မှာ ထွေး ခြေဖျားလက်ဖျားပင်အေးနေမိသည်။ ဒေါ်တုက ဖုန်းလာဆက်တာကိုအံ့ဩသည်ဟန်ကြည့်နေတယ် မောင် ထွေးထိုမကြည့်ကိုလျစ်လျူရှုနိုင်တယ်သိလား မောင်အသံလေး ကြားကဖို့အရေးကြီးတယ် မောင်။

ပထမ ဖုန်းဝင်သံ~~ဒုတိယဖုန်းဝင်သံ~~

"ဟယ်လို အမိန့်ရှိပါခင်ဗျာ ဒေါက်တာသျှင်းစက္ကပါ"

မောင် အသံ ဘုရားစူးမောင်အသံ ခပ်ဩဩနဲ့ မကြားရတာတောင်ကြာပြီမောင်ရယ် ။ပါးစပ်ကသာလှုပ်နေပြီး အသံထွက်မလာဘဲ မျက်ရည်တို့သာကျဆင်းနေသည်။

"ဟယ်လို ဘယ်သူပါလဲခင်ဗျာ ဟယ်လို"

မောင်ရဲ့မေးမြန်းသံအား ထွေးလေ မောင်ရဲ့ထွေးလို့ပြောချင်တယ်မောင်။ထွေးနှလုံးသားထဲကဖြေသံကိုမောင်ကြားပါ့ကြားပါမည်လားမသိ။

"ဖုန်းမှားတာလားမသိဘူး "

ကျသွားသောဖုန်းလေးအားကြည့်ကာ မျက်ရည်တို့အဖြိုင်ဖြိုင်ကျ‌ဆင်းနေမိသည်။

တစ်ပတ်တစ်ခါ ဖုန်းဆက်မိသည်။ထိုအတူဘဲ မောင် က ပြန်ဖြေတက်သည်။ထွေးကတော့ မောင်အသံသာနားစွန့်ရသည်။ထွေး ဘယ်လောက်ရူးမိုက်တယ်ထင်လဲမောင်  မောင်ကိုဖုန်းဆက်ပြီး အသံကြားရတဲ့နေ့က ထွေးအတွက် တလောကလုံးပိုင်စားရသလို ပျော်ရွှင်ရတယ်မောင်။ မောင် မအားလို့ထွေးဆီပြန်မလာတာလားမောင် ရပါတယ် ထွေးစောင့်နိုင်တယ်။

တစ်လခွဲကြာတဲ့အခါမှာ မောင်ရဲ့စကားတစ်ခွန်းက ထွေးကိုအံအားသင့်စေသည်။

တပြည်သား(တျပည္သား)Where stories live. Discover now