တပြည်သား
BL (one shot)
"ဒေါက်တာရေ dutyပြီးရင် ဆေးရုံအုပ်ကခဏလာပါအုံးတဲ့"
"ဟုတ်ပြီ သူဇာ ကျွန်တော်သွားလိုက်မယ်"
သူဇာဟုခေါ်သော သူနာပြုလေးအား ပြန်ပြောရင်း တာဝန်ကျရာ ကလေးတစ်ယောက်အား ပြန်စစ်ပေးလိုက်သည် ။
"သားသား ဘယ်နား နာနေလဲ"
"ဒီနေရာက နာသေးတယ် ဦးဦး ပြီးတော့လေ ဗိုက်လဲဆာတယ်"
မကြာခင်ကမှ အစာအိမ်ခွဲစိတ်ထားသောကလေး က အနာချုပ်ရိုးကိုထိုးပြကာ သူဗိုက်ဆာကြောင်းကို ငိုမဲ့မဲ့ပြောပြနေသည်။
"စားရမှာပေါ့ သားသားရဲ့ တစ်ပတ်ဘဲစောင့်နော် ပြီးတော့ သူနာပြုတီတီတို့တိုက်တဲ့ဆေးကိုလဲ သေချာသောက်ရမယ်နော်"
"ဟုတ် ဆေးသောက်ရင် သားစားချင်တာစားလို့ရပြီလား ဦးဦး"
"အင်းပေါ့သားရဲ့ လောလောဆယ် ချုပ်ရိုးဆေးလိမ်းရအောင်"
"ဟုတ် ဦးဦး"
လူနာအားလုံးစစ်ဆေးပြီးသည်နှင့် ကျွန်တော် ရဲ့အန်ကယ်လဲဟုတ်မေမေမောင်ဆီသွားရအုံးမည်။
~~ဒေါက်~~ဒေါက်~~
"ဝင်ခဲ့ပါ"
"အန်ကယ် သားကိုခေါ်တယ်ဆို"
"အင်း အခြားတော့မဟုတ်ဘူး ညောင်ဦးဘက်ကို ပရဟိတ အသင်းနဲ့သွားရမယ်သား "
"ငြင်းလို့ရမလား အန်ကယ်"
"သား အမေနဲ့ ပြောကြည့်ပေါ့ ဒီခရီးစဉ်က သား မေမေစီစဉ်တာ ပြီးတော့ သားတစ်ယောက်ထဲမဟုတ်ဘူး တခြားဆရာဝန်သုံးဦးပါအုံးမှာ"
"ဟုတ် အန်ကယ် သားပြောကြည့်အုံးမယ်"
နေ့လည် dutyပြီးသည်နှင့် အိမ်သို့ပြန်ကာ ရေမိုးချိုးပြီး ခနနားလိုက်သည်။ဆရာဝန်အလုပ်ကလဲ ဝါသနာပါ၍သာ လုပ်ခြင်းဖြစ်သဖြင့် ပင်ပန်းလဲပျော်နေဆဲပင်။ထိုစဉ်မေမေ့ကားရပ်သံကြောင့် အိပ်ယာပေါ်ကဆင်းကာ အောက်ထပ်ဆင်းလာခဲ့သည်။ဆိုဖာပေါ်ထိုင်တုန်းမေမေကအဖွင့်စသည်။
'သား ဦးလေး ပြောပြီးပြီလား"
"အင်းမေမေပြောပြီးပြီ အဲ့ဒါလေ"