အခန်း ( ၇ )

601 43 0
                                    

အခန်း ( ၇ )

လက်ဖက်ရည်ဆိုင်ကဆွေးနွေးခန်း

(Unicode)

သူတို့မျက်စိရှေ့မှာ သစ်ရွက်ခြောက်တွေလောင်ကျွမ်းလို့ မီးခိုးငွေ့များကတလူလူ။

"မင်းသေချာပြီလား"
"အင်း လုံးဝသေချာပြီ"
"အဲ့တာဆိုလုပ်လိုက်တော့"
"ဟူး.."

သက်ပြင်းရှည်ကြီးတစ်ချက်ချကာ
လက်ထဲက ဘရာစီယာကို မီးပုံထဲပစ်ထည့်လိုက်ပြီးတဲ့နောက်

"ကဲနောက်ဆုံးတော့လည်းကိစ္စရှင်းသွားပြီ"
"ဘာအနှောင်အဖွဲ့မှမကျန်ခဲ့တော့ဘူး"

မီးခိုးငွေ့တွေ လှိုက်တက်လာတဲ့အခါ မြင်ကွင်းလေးက ဝေဝါးသွားသည်။သွားလေတော့။ငါတို့ကိုကွိုင်ရှာသွားတဲ့ ဘရာစီယာ ဆိုပြီး ဆုတောင်းပေးရုံမှတစ်ခြား သူတို့ဘာမှမတက်နိုင်။မင်းရှာသွား တဲ့ပြဿနာငါတို့မှာအကြီးကြီးရှင်းရတော့မယ် နောက်ဆုံးအချိန်ထိဒုက္ခပေးသွားသေးတယ်နော် ဟု မဆဲဆိုရက်ပေမယ့် စိတ်ထဲက ဆဲဆိုလိုက်သည်။

ထို့နောက်၃မိနစ်ခန့်ငြိမ်သက်လို့အပြီးမှာ

"ခိ..ခစ်"

ကိုမင်းကမခို့တရို့လေးထရယ်တဲ့အခါ

".ခိ..ခွိ"

ထွန်းကိုကလည်း မချိုမချဉ်ပြုံးပြီးနောက်

"ဟားးးးဟားးး"
"ဟားးးဟာ..ဟားးး"

ဟူ၍နှစ်ယောက်သားဟက်ဟက်ပက်ပက်ရယ်မောကြလေ‌တော့သည်။

"ဟဲ့ နင်တို့ဘာလုပ်နေတာလည်း"
"ဗျာ အန်တီ"
"ဆေးချနေကြတာလား အငွေ့တွေလည်းထွက်လို့"
"မဟုတ်ပါဘူး အန်တီရဲ့ ဒီမှာအမှိုက်ရှင်းနေတာ"
"ဟုတ်တယ်မှူးမှူး ဒီမှာရှင်းလက်စလေး ဆက်ရှင်းပေးနေတာ"

"အေးအေးပြီးရော မဟုတ်တာလုပ်နေတာလားလို့"
"အာ စိတ်ချဘာမဟုတ်တာမှမလုပ်ဘူး"

ထို့နောက် အဆောင်မှုး မျက်စောင်းတစ်ချက်ထိုးကာ လှည့်ထွက်သွားတော့မှသူတို့လည်း ဆက်ရယ်တော့သည်။

-------------------------------x-----------------------------

ထို့နောက် နေ့လည်စာစားဖို့ ဗိုက်ကအချက်ပြလာပြီဖြစ်တာမို့သူတို့နှစ်ယောက် လမ်းထိပ်ကလက်ဖက်ရည်ဆိုင်ကို ချီတက်လာခဲ့သည်။

နှင်းဆီဖြူWhere stories live. Discover now